အိန္ဒိယက ဘရာဇီးကို ကျော်ပြီး ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာ

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အရေအတွက်မှာ  ၄ ဒသမ ၂ သန်း ကျော်သို့   ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင်  ဘရာဇီးနိုင်ငံကို ကျော်၍ ကမ္ဘာ့ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း  အင်န်အိတ်ခ်ျကေ သတင်းဌာနက  ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအရေအတွက်သည်  အမေရိကန် ပြည်ထောင်စုပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင်  ကမ္ဘာ့ဒုတိယအများဆုံး အရေအတွက် လည်းဖြစ်သည်။  အိန္ဒိယသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တွင်လည်း  ခုနစ်သောင်းကျော်ရှိခဲ့ရာ  အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ ပြီးနောက် ကမ္ဘာ့တတိယနေရာတွင် ရှိနေသည်။

ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်

ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။

မုန်တိုင်းဒဏ်ခံရသည့်ဒေသများတွင် အလျင်မြန်ဆုံး အကူအညီပေးရန် မြောက်ကိုရီးယားခေါင်းဆောင်ညွှန်ကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုအန်သည် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် အကူအညီများကို လျင်လျင်မြန်မြန် အကူအညီပေးရန် ညွှန်ကြားခဲ့သည့်အပြင် မုန်တိုင်းဒဏ်ခံဒေသများသို့ ကိုယ်တိုင်သွား ရောက်ကာ အကူအညီပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော် ပြသည်။

လူမည်းတစ်ဦးသေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတွင် ဆန္ဒပြမှုများပြန်လည်ဖြစ်ပွား

အရင်တစ်ပတ်နှောင်းပိုင်းက ဝစ်ကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့မှာ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားလာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်ဟာ အင်္ဂါနေ့က ဝစ်ကွန်ဆင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

တနင်္လာနေ့က ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ဆူပူရမ်းကားနေသူတွေကို ဝစ်ကွန်ဆင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပေမယ့် သိပ်မကြာခင်မှာ လူစုလူဝေးပြန်ဖြစ်လာပြီး ပုလင်းတွေ၊ မီးတုတ်တွေနဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်ပစ်ပေါက်ခဲ့ပါတယ်။

Facebook တွင် ထိုင်းတော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်

Facebook  ကုမ္ပဏီသည် ၄င်း၏ ဝန်ဆောင်မှုများကို အသုံးပြုကာ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း၌ လက်ရှိ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြမှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် ထိုင်းဘုရင်နှင့် တော်ဝင်မိသားစု အကြောင်းကို ဆိုရှယ်မီဒီယာများတွင် ဝေဖန်သုံးသပ်မှု ပြုလုပ်ခြင်းများ မြင့်တက်လာခဲ့သည်။ ထိုင်းအစိုးရဘက်မှ ထိုကဲ့သို့ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခြင်းကို တားဆီးနိုင်ခြင်း မရှိပါက Facebook  ကုမ္ပဏီအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု သတိပေးခဲ့ပြီးနောက်တွင် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးခြင်း၊ ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်နေသည့် Pages များအား ထိုင်းနိုင်ငံအတွင်း၌ အသုံးပြုခွင့် မရအောင် Facebook  ကုမ္ပဏီဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း၌ ဘုရင်နှင့်တော်ဝင်မိသားစု ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ပါက ပြင်းထန်သည့်ထောင်ဒဏ်များ ချမှတ်နိုင်သည့်တည်ဆဲဥပဒေရှိနေသည်။

တစ်လလျှင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ခြောက်သန်းထုတ်လုပ်ရန် ရုရှားစီစဉ်

ရုရှားကျွမ်းကျင်ပညာရှင်များ အနေဖြင့် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယခုနှစ် နောက်ဆုံးထားပြီး တစ်လ လျှင် ၁ ဒသမ ၅ သန်းနှင့် နှစ် သန်းပမာဏအကြား ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု ရုရှားစက်မှု ဝန်ကြီး ဒန်းနစ်မန်တူရိုက ယခုလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကင်ဂျုံအန်း သတိလစ်မေ့မြောနေတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တာဝန်တွေကို သူ့ ညီမ လွှဲပြောင်းယူဖို့ရှိ

တောင်ကိုရီးယားသံတမန်တစ်ဦးရဲ့ ခန့်မှန်းပြောကြားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သတိလစ် မေ့မြောနေတဲ့အတွက် နိုင်ငံတာဝန်တွေကို သူ့ညီမ ကင်ယိုဂျောင်ဆီ အလုံးစုံ လွှဲပေးရဖို့ ရှိနေတယ်လို့ သိရပါတယ်။ အရင် တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံရဲ့လက်ထောက်အရာရှိတစ်ဦးဖြစ်ခဲ့တဲ့ သံတမန် ဝန်ထမ်း ချန်ဆောင်မင်းက ဒေသခံမီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ကင်ဂျုံအန်းရဲ့ ကျန်းမာရေးအခြေအနေကို ပြောခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံ့အာဏာဆက်ခံခွင့်နဲ့ပတ်သက်လို့ ပုံစံ အတည်တကျ မရှိတာကြောင့် လက်လပ်နေတဲ့ တာဝန်တွေကို ကင်ယိုဂျုံက အစားထိုးဝင်နေရပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်သူ တိုးလာလို့ စည်းကမ်းတွေ ပြန်တင်းကျပ်

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် COVID-19 ရောဂါပျံ့နှံ့မှု ပိုပြင်းထန်လာပုံရပြီး မတ်လလဆန်းပိုင်း နောက်ပိုင်း တစ်နေ့တာ ရောဂါကူးစက်မှု အများဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က အ များဆုံးဖြစ်ခဲ့သည်။

ယခင်က ပျံ့နှံ့မှုများကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည့် တောင်ကိုရီးယားတွင် ခြောက်ရက်ဆက်တိုက် ဂဏန်းသုံးလုံး အရေအတွက်အဖြစ် ဗုဒ္ဓဟူးနေ့ က နောက်ထပ်ပိုးတွေ့လူနာ ၂၉၇ ဦး တွေ့ရှိသောကြောင့် စုစုပေါင်း ရောဂါကူးစက်သူ ၁၆,၀၅၈ ဦးရှိလာကာ သေဆုံးသူ ၃၀၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ဖော်ပြချက်အရ သိရသည်။

စီးပွားရေးကဏ္ဍအတွက် မြောက်ကိုရီးယားလုပ်သားပါတီ အစည်းအဝေးကျင်းပ

မြောက်ကိုရီးယားအာဏာရပါတီဖြစ်သော အလုပ်သမားပါတီ၏ ပေါ်လစ်ဗျူရို အစည်းအဝေးကျင်းပကာ စီးပွားရေးကဏ္ဍနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရေဘေးဒဏ်ကြောင့် နိုင်ငံအတွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ပေါ်လစ်ဗျူရိုအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။