တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်း လင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပင်လောင်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ တတိယအကြိမ်ပါတီ ညီလာခံ အတွေ့ကြုံ ရှင်းလင်းပွဲနှင့်ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့၊ မြို့နယ်ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ ​မြို့နယ်ဘဏ္ဍာရေးမှူး၊မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ပါသည်။


အကြမ်းဖက်ဘေးရှောင်မြို့နယ်ကော်မတီဝင်များအား ဆန် ဆီ ဆား ထောက်ပံ့

မိုးမိတ် အောက်တိုဘာ ၁၈

မိုးမိတ်မြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက်ဘေးရှောင်မဘိမ်းမြို့နယ်မှ မြို့နယ်ကော်မတီဝင်များအား ပြည်နယ်ပါတီမှ ထောက်ပံ့ ပေးသည့်ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများကို ယနေ့ နေ့လည် ၁နာရီက မိုးမိတ်ခရိုင်ဥက္ကဌဦးစိုးမြင့်နှင့် မြို့နယ်ပါတီဥက္ကဌဦးကျော်စိန်တို့မှ ၎င်းတို့ ခေတ္တနေထိုင်သည့် နေအိမ်များသို့ သွားရောက် ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ လားရှိုးအခြေပြု ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကိုပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုအလုပ်မှုဆောင်ဦးအောင်သူ၊ ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့်ပြည်နယ်၊ ခရိုင် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

မက်မန်းမြို့နယ်ပါတီဝင်များအား တွေ့ ဆုံဆွေးနွေးခြင်းနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း

မက်မန်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့်သော ပါတီဝင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့(၂၂/၉/၂၀၂၂) မနက်(၁၁)နာရီအချိန်တွင် မက် မန်းမြို့နယ်၊ ကျိုင်းတောင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းစိန်၊ အရန်ဗဟိုပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးစိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းမုန့်ခမ်း၊ မိုင်းပျဉ်းမြို့နယ်ပါတီဥက္ကဌ ဦးစိုင်းလောင်း၊ မက်မန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုင်းအိုက်သိန်း နှင့်ပါတီဝင်အင်အား(၆၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး

သိန်းနီ ဩဂုတ် ၁၈

သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်ခမ်းကော်၊ လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတန်ဂွန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ တို့ တက်ရောက်ခဲ့ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များ၊ ကဏ္ဍကြီးရေးရာများအလိုက် မြို့နယ်ပါတီ တာဝန်ခံများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ပါသည်။

ကျိုင်းတုံ ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးရေလျှံဖြစ်နေသော ရပ်ကွက်နေပြည်သူများအတွက် ထမင်းဗူးများနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

ကျိုင်းတုံ ဩဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးရေလျှံဖြစ်နေသော ရပ်ကွက်များသို့ သွားရောက်၍ ထမင်းဗူးများ၊ သောက်ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ပါသည်။


လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

လားရှိုး ဩဂုတ် ၈

လားရှိုးမြို့နယ်၊ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ လားရှိုး ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ လားရှိုးခရိုင်မှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊

ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လေးမြို့နယ်မှခရိုင် ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ် ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။

ကျေးရွာအဝင်လမ်းခင်းရာတွင် လိုအပ်နေသော ဘိလပ်မြေ(၅၀)အိတ်ဝယ်ယူနိုင်ရန်အတွက် အလှူငွေ လှူဒါန်း

ကျောက် မဲ ဩဂုတ် ၄

ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ၊ ကုန်းစုံကျေးရွာ၊ ရွာအဝင်လမ်းခင်းရန်အတွက် ကျောက်မဲခရိုင် ပါတီခရိုင်ဥက္ကဌ ဦးသန်းထိုက်ဇော်၊ ကော်မတီဝင်ဦးခင်ဇာမောင်၊ ဒေါ်ခင်စောအေး၊ မြို့နယ်ပါတီဥက္ကဌ ဦးလှတင်၊ ဘဏ္ဏာရေးမှူး ဒေါ်ဖြူဖြူမြင့်နှင့် ကျေးရွာပါတီဝင်များတို့မှ ကျေးလက်လမ်းဖြစ်မြှောက်ရေးကော်မတီ၊ ကျေးရွာအုပ်စု ဥက္ကဌ ဦးချစ်သိန်းထံသို့ ဘိလပ်မြေအိတ်(၅၀)အတွက် ကျသင့်ငွေ(၃၅၀၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြပါသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

တန့်ယန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌  ပြည်နယ် ၊ ခရိုင်၊ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

 


နဝကမ္မဝတ္ထုငွေနှင့်ဆေးဝါးလှူဒါန်း

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပ်ုင်း လားရှိုးမြို့ နတ်မောက်ရွှေဥယဉ်တောရကျောင်းတွင် သီတင်းသုံးနေသော ကမ္မဋ္ဌာနာစရိယ ကျောင်းထိုင် ဆရာတော် ကျန်းမာရေးအတွက်ဆေးကုသရန်ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ခရိုင်ဘဏ္ဍာရေးမှူး ဦးဆောင်၍ ပါတီဝင်များမှ နဝကမ္မဝတ္ထုငွေနှင့် လိုအပ်သော ဆေးဝါးအချို့ကို

ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။