ဘာစီလိုနာမွာ ေနာက္တစ္ရာသီဆက္ေနမယ့္ ဇာဗီ

April 26

ဘာစီလိုနာနည္းျပဇာဗီဟာ ယခုရာသီအကုန္မွာ အသင္းကေန ထြက္ခြာမယ့္ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး အသင္းမွာ အနည္းဆုံးစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၅ခုႏွစ္၊ ဇြန္လအထိ ဆက္ရွိေနမွာျဖစ္ပါတယ္။

အသက္(၄၄)ႏွစ္အရြယ္ဇာဗီဟာ ဇန္နဝါရီလက ယခုရာသီအကုန္မွာ ဘာစီလိုနာကေနထြက္ခြာမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာဥကၠ႒ လာေပၚတာက ဇာဗီကို အသင္းမွာဆက္ထိန္းထားဖို႔ ဆႏၵရွိခဲ့ၿပီး ယခုအခါ ဇာဗီက သူ႔ရဲ့ဆုံးျဖတ္ခ်က္ကို ေျပာင္းခဲ့တာျဖစ္ပါတယ္။

ဇာဗီဟာ ၂၀၂၁ နိုဝင္ဘာမွာ ဘာစီလိုနာကို စတင္ကိုင္တြယ္ခဲ့ၿပီး အသင္းကိုရာသီျပည့္ကိုင္တြယ္ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမွာ လာလီဂါခ်န္ပီယံဆုရရွိေအာင္စြမ္းေဆာင္နိုင္ခဲ့ပါတယ္။ ယခုရာသီမွာေတာ့ ဘာစီလိုနာဟာ ထိပ္ဆုံးက ရီးရဲလ္နဲ႔ (၁၁)မွတ္ကြာဟေနၿပီး ၿပီးခဲ့တဲ့တစ္ပတ္ကလည္း ပီအက္စ္ဂ်ီကို ရႈံးနိမ့္ကာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။

========

ဘာစီလိုနာမှာ နောက်တစ်ရာသီဆက်နေမယ့် ဇာဗီ

April 26

ဘာစီလိုနာနည်းပြဇာဗီဟာ ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းမှာ အနည်းဆုံးစာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၅ခုနှစ်၊ ဇွန်လအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

အသက်(၄၄)နှစ်အရွယ်ဇာဗီဟာ ဇန်နဝါရီလက ယခုရာသီအကုန်မှာ ဘာစီလိုနာကနေထွက်ခွာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ဇာဗီကို အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပြီး ယခုအခါ ဇာဗီက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။

ဇာဗီဟာ ၂၀၂၁ နိုဝင်ဘာမှာ ဘာစီလိုနာကို စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကိုရာသီပြည့်ကိုင်တွယ်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ လာလီဂါချန်ပီယံဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခုရာသီမှာတော့ ဘာစီလိုနာဟာ ထိပ်ဆုံးက ရီးရဲလ်နဲ့ (၁၁)မှတ်ကွာဟနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။