သာသနာ့အလံများစိုက်ထူခြင်းတွင် မြဝတီပြည်ခိုင်ဖြိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်

မြဝတီ ဩဂုတ် ၁၀

ကရင်ပြည်နယ် မြဝတီမြို့တွင် YMBA အသင်းကြီးမှ ဦးဆောင်ကျင်ပမည့်နိုင်ငံတော်ဘာသာနေ့အခမ်းအနား လုပ်ငန်းစဉ်များမှ သာသနာ့အလံများစိုက်ထူခြင်းကို မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။


ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝေါလေဒေသတွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာ၀န်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေသွားရောက်လှူဒါန်း

မော်လမြိုင်၊ ဇူလှိုင်  ၅

ကရင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  မြ၀တီမြို့နယ် ဝေါလေဒေသတွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာ၀န်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၀ ကျပ်ကို ၄-၇-၂၀၂၂ ရက်နေ့  နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

အလှူငွေကို ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ထံသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ထောက်ပံ့မှုဖြင့် ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဖာပွန်၊ ကမမောင်း တိုက်ပွဲရှောင်အိမ်ထောင်စုများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံလှူဒါန်းခြင်း

ကမမောင်း  ဇွန်  ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ထောက်ပံ့ပေးမှု၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် ကော်မတီ၀င်များသည် ၂၆-၆-၂၀၂၂ နေ့ နေ့လည် ၁၂:၀၀ အချိန် ကမမောင်းမြို့ ကိုးန၀င်းဘုန်တော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၂၀၀)စုနှင့် ၂၇-၆-၂၀၂၂ နေ့ နံနက် ၁၀:၃၀ အချိန် ကမမောင်းမြို့ အုန်းတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တိုက်ပွဲရှောင် အိမ်ထောင်စု (၄၈၈)စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၆၈၈)စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ၁အိတ်နှင့် ဆီ၁ ဗူးစီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ထောက်ပံ့မူဖြင့် လှိုင်းဘွဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့လှူဒါန်းခြင်း

မြိုင်ကြီးငူ၊    ဇွန်  ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ထောက်ပံ့ပေးမှု၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနီးကပ်ကြီးကြပ်မူဖြင့် လှိုင်းဘွဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် ကော်မတီ၀င်များသည် ယနေ့ နံနက်  ၉:၀၀ အချိန်တွင်   မြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူဓမ္မာရုံတွင် တိုက်ပွဲရှောင် အိမ်ထောင်စု ၃၇၃ စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ၁အိတ်နှင့် ဆီ၁ဗူးစီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘားအံမြို့ ကမားကျောင်းတိုက်ဆရာတော်၏ ဈာပနပူဇာရေစက်ချ အခမ်း အနားအတွက် အလှူငွေ သွားရောက်ဆက်ကပ်လှူဒါန်း

ယနေ့ညနေ (၅. ၁၀) အချိန်တွင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူပ်ရှားမူ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် “”ဘားအံမြို့နယ် လှာကဒေါင်စံပြကျေးရွာအုပ်စု မင်္ဂလာရွာသစ်၊ ကမားကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဘဒ္ဒန္တသုန္ဒရ သက်တော် (၈၃) နှစ်၊သိက္ခာတော် (၆၃) ဝါ အန္တိမအဂ္ဂိဈာနပူဇာ ရေစက်ချ အလှူတော် အခမ်းအနားအတွက်””ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ငါးသိန်းကျပ် သွားရောက် ဆက်ကပ်ပူဇော် ခဲ့ပါသည်၊နီ နီ

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရပ်ကွက်များတွင် Covid-19 ရောဂါ ကာကွယ်ရေးအတွက် Lock Down ချထားသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ ပေးအပ်

 

အောက်တိုဘာ ၁၄

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ

 

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် လှိုင်းဘွဲ့မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိမ်းလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီခွဲထိ လှိုင်းဘွဲ့မြို့နယ် အင်းနို့သိပံ္ပ ကျေးရွာရှိ ဒေါ်နန်း ဆစီမူး နေအိမ်တွင် ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည် သူများနှင့် တွေ့ဆုံခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းသို့ တက်ရောက်

 

ကော့ကရိတ်၊ အောက်တိုဘာ

ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကော့ကရိတ်မြို့နယ်ရှိ တောင်ဘက်ခြမ်း ကိုယ်စားလှယ်များလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ကော့ကရိတ် မြို့နယ် တံတားဦးကျေး ရွာတွင်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကညင်ကတိုက်ကျေးရွာ၊ မွန်းလွဲ ၁၂ နာရီ တွင် ပိုင်ရပ်ကျေးရွာတို့၌ ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ဂရိတ်မြို့နယ် တောင်ဘက်ခြမ်း မိဂလုံ ကျေးရွာတွင် ကိုယ်စားလှယ်လောင် ဗီနိုင်း ဆိုင်းဘုတ်များ ဆိုက်ထူ

 

စက်တင်ဘာ ၂၀၂၀

ယမန်နေ့ နံနက် (၉း၀၀) နာရီအချိန် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာတွင် ကော့ကရိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တောင်ဘက်ခြမ်းမှကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆိုင်းဘုတ် စိုက်ထူပွဲသို့ ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟို ကော်မတီဝင် ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကို (ဗမာတိုင်းရင်းသားလွှတ်တော်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးမင်း ငွေထွန်း (မွန်တိုင်းရင်းသားလွှတ်တော်)၊ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းမှ ကိုယ်စားလှယ်များ ဒေသခံ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။နီ နီ

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် များစိုက်ထူ

 

ဖာပွန် စက်တင်ဘာ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၇ နာရီခွဲမှ ၁၁နာရီခွဲအထိ ဖာပွန်မြို့ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးရုံးရှေ့၊ မဲသလွတ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ ဝှေ့ဆန်ကျေးရွာအုပ်စု၊ မထောကျေးရွာအုပ်စုစသည့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် ကိုယ်စား လှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် ၁၅ခု စိုက်ထူခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်လောင်း ဗီနိုင်းစိုက်ထူပွဲများသို့ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။