ယခုရာသီအကုန္တြင္ ခ်ဲလ္ဆီးမွ သီယာဂိုေဆးလ္ဗား ထြက္ခြာမည္

ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗာဟာ အခုရာသီအကုန္မွာ လန္ဒန္ကလပ္အသင္းကေန ထြက္ခြာမွာျဖစ္ပါတယ္။ အသက္(၃၉)ႏွစ္အရြယ္သီယာဂိုေဆးလ္ဗားဟာ ၂၀၂၀မွာ ပီအက္စ္ဂ်ီကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ခ်ဲလ္ဆီးကို ေရာက္ရွိလာခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ (၁၅၁)ပြဲကစားေပးထားပါတယ္။ သီယာဂိုေဆးလ္ဗားဟာ ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ဆုဖလား(၃)လုံးဆြတ္ခူးခဲ့ပါတယ္။ ဒီရာသီမွာ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစုံ (၃၄)ပြဲကစားေပးခဲ့တဲ့ သီယာဂိုေဆးလ္ဗားက အနာဂတ္မွာ ရာထူးတစ္ေနရာနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္လာဖို႔ ေမၽွာ္လင့္ထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

=====

ယခုရာသီအကုန်တွင် ချဲလ်ဆီးမှ သီယာဂိုဆေးလ်ဗား ထွက်ခွာမည်

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗာဟာ အခုရာသီအကုန်မှာ လန်ဒန်ကလပ်အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။ အသက်(၃၉)နှစ်အရွယ်သီယာဂိုဆေးလ်ဗားဟာ ၂၀၂၀မှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအတွက် (၁၅၁)ပွဲကစားပေးထားပါတယ်။ သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား(၃)လုံးဆွတ်ခူးခဲ့ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားပေးခဲ့တဲ့ သီယာဂိုဆေးလ်ဗားက အနာဂတ်မှာ ရာထူးတစ်နေရာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။