ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့ သည် ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ၊ ရေကျော်အုပ်စု ရောင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာတို့ရှိ ဒေသခံရပ်မိရပ်ဖများ၊ ပါတီဝင်များတွေ့ဆုံခဲ့ပြီး ရေကျော်ကျေးရွာ ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကာ အလှူငွေများ ဆည်းကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ သူရအောင် (ပြည်)

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့ သည် ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ၊ ရေကျော်အုပ်စု ရောင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာတို့ရှိ ဒေသခံရပ်မိရပ်ဖများ၊ ပါတီဝင်များတွေ့ဆုံခဲ့ပြီး ရေကျော်ကျေးရွာ ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကာ အလှူငွေများ ဆည်းကပ် လှူဒါန်း     ခဲ့ကြောင်း သိရသည်။

သူရအောင် (ပြည်)