သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၂/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ကယားပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ လွိုင်ကော်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သည် လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့် မြို့နယ်ခုနစ်မြို့နယ်ရှိ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပါတီ ကော်မတီဝင်များနှင့် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆဌမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ကယားပြည်နယ် – ဇူလိုင် ၁၆

ကယားပြည်နယ်၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ယ​မန်နေ့ မနက် ​(၉:၃၀)နာရီ အချိန်​တွင်​ ဆရာ​တော်​သံဃာ​တော်​များအား ပင့်ဖိတ်​၍ ဆဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်​ကပ်​လှူဒါန်း ခဲ့သည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

လွိုင်ကော် ဇူလိုင် ၇

ကယားပြည်နယ် လွိုင်ကော် မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါတဟေးရွာ ဦးလှရယ်နေအိမ် တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်ကော်မြို့နယ် ထီးစဲခါး ကျေးရွာအုပ်စု ခေါတဟေးရွာတွင် ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါပေါ်က လဲကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် ညနေ (၆:၀၀) နာရီမှ (၇:၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲ ကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာ ပါတီဝင် ဦးတီရယ်နေအိမ်တွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ဒေါဆော်လိကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ထီးစဲခါး ကျေးရွာအုပ်စု၊ ကွန်နားကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နားကျေးရွာပါတီဝင် ဦးဦးရယ်နေအိမ်တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရာအုပ်စု၊ ကွန်နားကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။ တက်ရောက်လာကြသော ပါတီဝင် များအား ပြည်ခိုင်ဖြိုး ပါတီမှထုတ်ဝေသော ပါတီဥက္ကဌကြီး ပြက္ခဒိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာများ၊ ဂျာနယ်များ ပေးအပ်သွားပါသည်။

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို ပထမအကြိမ် စုပေါင်းသွေးလှူ

 

လွိုင်ကော် ဇူလိုင် ၁

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် မြန်မာအမျိုးသမီးများ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့မှ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပရာ လာရောက်လှူဒါန်းသူ ၃ဝ ကျော်အနက် သွေးဖောက်စစ်ဆေးရာ စုစုပေါင်း ၁ဝ ဦး သွေးလှူဒါန်းနိုင်ခဲ့ပြီး သွေးလှူဒါန်းသူများအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက အာဟာရအတွက် သွေးလှူရှင်တစ်ဦးကို ကြက်ဥ ၁ဝ လုံးစီ ပေးအပ် လှူဒါန်းပြီး ၄င်းသွေးလှူရှင်များအား နေ့လယ်စာဖြင့် ကျွေးမွေးခဲ့သည်။

လေဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများကို ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီက လူသုံးကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ဖားဆောင်း ဇွန် ၁၂