အသက်အရွယ်က အခက်အခဲမဟုတ်ဟု ၇၆ နှစ်အရွယ် အီဂျစ်ရေကူးချန်ပီယံ ပြော

အသက် ၇၆ နှစ်အရွယ် နိုင်ငံတကာ ရေကူးချန်ပီယံဆုရှင် အီဂျစ် ရေကူးအားကစားမယ် နာယွာ ယူဆစ်ဖ် ဂိုရတ်ဘ်က အသက်အရွယ်ဟာ အခက်အခဲ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

သူဟာ အသက် ၄ နှစ်အရွယ်က စပြီး ရေကူးခဲ့ပေမယ့် အသက် ၇၂ နှစ်အရွယ်မှာမှ နိုင်ငံတကာ ပြိုင်ပွဲအတွင်း ပထမဆုံး ဆုတံဆိပ် ရခဲ့တာပါ။

အသက် ၇၆ နှစ်အရွယ် နိုင်ငံတကာ ရေကူးချန်ပီယံဆုရှင် အီဂျစ် ရေကူးအားကစားမယ် နာယွာ ယူဆစ်ဖ် ဂိုရတ်ဘ်က အသက်အရွယ်ဟာ အခက်အခဲ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

သူဟာ အသက် ၄ နှစ်အရွယ်က စပြီး ရေကူးခဲ့ပေမယ့် အသက် ၇၂ နှစ်အရွယ်မှာမှ နိုင်ငံတကာ ပြိုင်ပွဲအတွင်း ပထမဆုံး ဆုတံဆိပ် ရခဲ့တာပါ။

အသက် ၇၆ နှစ်အရွယ် ရောက်တဲ့အထိ တပတ် ၅ ကြိမ် ရေကူးလေ့ကျင့်ဆဲ ဖြစ်ပါတယ်။ စိတ်ဆန္ဒနဲ့ ဒိဌဓမ္မဝါဒရှိရင် အသက်အရွယ်က အခက်အခဲ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

သူဟာ အသက် ၁၄ နှစ်အရွယ်မှာ အီဂျစ် ရေကူးချန်ပီယံဆုကို ရခဲ့တာပါ။ နိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာ ပြိုင်ပွဲဝင်ဖို့ စိတ်ကူးအိပ်မက် ရှိခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံရဲ့ မူဝါဒအရ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတွေအတွက် ဝင်ပြိုင်စရာ ရေကူးပြိုင်ပွဲတွေ မရှိပါဘူး။

ဒါပေမယ့်လည်း သူကတော့ ဆက်လေ့ကျင့်နေခဲ့ပြီး ၂၀၁၄ ခုနှစ်က ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ရေကူးပြိုင်ပွဲကို ဝင်ပြိုင်ပြီး ဆု ၂ ခု ရခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အသက် ၇၃ နှစ်အရွယ်မှာတော့ သူဟာ ရုရှားနိုင်ငံက နိုင်ငံတကာ ရေကူးပြိုင်ပွဲကို ဝင်ပြိုင်ပြီး ကြေးတံဆိပ် ၂ ခု ထပ်ရခဲ့ပါတယ်။ နိုင်ငံတကာပွဲတွေပြိုင်ဖို့ သူဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတယ်လို့ ပြောပါတယ်။  ကိုယ့်နိုင်ငံအလံကို နိုင်ငံခြားမှာ လွှင့်ထူနိုင်ဖို့၊ နိုင်ငံတကာ ချန်ပီယံပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ အိပ်မက်ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ ရေကူးနည်းပြ ဟေသံ ဆာဘရီကတော့ ဂိုရတ်ဘ်ဟာ အသက် ၂၀ အရွယ်နှလုံးသား ရှိသူလို့ ပြောပါတယ်။ သူဟာ ရေပူထဲဖြစ်ဖြစ် ရေအေးထဲဖြစ်ဖြစ် ပိုင်းဖြတ်မှုရှိတယ်၊ နေ့တိုင်း သင်တန်းလာတယ်လို့ ပြောပါတယ်။

သူဟာ အီဂျစ်နည်းပြတွေရဲ့ အကူအညီနဲ့ အီဂျစ်နိုင်ငံထဲမှာသာ လေ့ကျင့်ပြီး လာမယ့်ပြိုင်ပွဲကို ဂျာမနီမှာ ဝင်ပြိုင်မယ်လို့လည်း ပြောပါတယ်။   

 -Ref: Skysports