၂၀၁၇-၁၈ ရာသီအတွက် UEFA အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီအတွက် ယူအီးအက်အေရဲ့ အကောင်းဆုံးဂိုးဆုကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် စီရော် နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးက ရရှိခဲ့ကြောင်းသိရပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်-ဂျူဗင်တပ်တို့တွေ့တဲ့ပွဲစဉ် မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ သွင်းဂိုးမှာ နည်းစနစ်ပိုင်းအရ လှပတဲ့ဂိုးတစ်ဂိုး ဖြစ်တာကြောင့် ဂျူဗင်တပ်ပရိသတ်များ ကပင် လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

ဒီလို လက်ခုပ်တီးအားပေးခဲ့တဲ့ ပရိသတ်များကြောင့် ဂျူဗင်တပ်ကိုပြောင်းရွေ့ရန် တွန်းအားတစ်ရပ် ဖြစ်စေကြောင်း စီရော် နယ်ဒိုက ဝန်ခံခဲ့ဖူးပါတယ်။

အကောင်းဆုံးဂိုးအတွက် အွန်လိုင်းမှ မဲရွေးချယ်မှုဆုံးဖြတ်ခဲ့ရာ စုစုပေါင်းမဲပေးခဲ့သူ ၃၄၆,၉၁၅ ဦးအနက် ၂သိန်းနီးပါးက စီရော်နယ်ဒိုရဲ့ ဂိုးရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

-Ref; Sky sports