
ဧပြီ ၁၆၊ နေပြည်တော်


========

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ၁၃၈၅ ခုနှစ်၊ အတာသင်္ကြန် ရေကစားမဏ္ဍပ် မိသားစုများပျော်ရွှင်စွာ ဆင်နွှဲကြပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်

ဧပြီ ၁၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုဝင်များ၏ ၁၃၈၅ ခုနှစ်၊ အတာသင်္ကြန်ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ၁၆-၄-၂၀၂၄ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပိတ်ပွဲအခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဥ်အသီးသီးနှင့်အတူ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။