ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ခရိုင် မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ရန်ကုန် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့နံနက် ၉နာရီခွဲက ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးက ယနေ့ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော် မတီဝင်များနှင့် ခရိုင်နှင့်မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ ရခြင်းမှာကျင်းပပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲများအကြောင်းနှင့် ရှေ့လုပ်ငန်း စဉ်များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင် စေရန် ယခုကဲ့သို့တွေ့ဆုံမှာကြားရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပါတီကော် မတီဝင်ဒေါက်တာကျော်စိုးက လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းကညှိနှိုင်းအစည်းအဝေး ပြုလုပ် မည့်ခေါင်းစဉ်များကိုပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများမှ ခရိုင်လေးခရိုင်ခွဲ၍ လုပ်ငန်း ခေါင်းစဉ်များကို အသေးစိတ်ညှိနှိုင်းဆွေး နွေးခဲ့ကြကြောင်းသိရသည်။

ထိန်ဝင်း(YGN)