ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ              ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ထောင်စုနယ်မြေနှင့်ခရိုင်၊ မြို့နယ်များအစည်းအဝေးကျင်းပ ခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက ဦးမှတ်ကြီးနှင့် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးဌေးဝင်းနှင့် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရှစ်မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေး ခဲ့ကြပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်းက ပါတီလုပ်ငန်းဆောင်ရွက်ချက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်ဥက္ကဋ္ဌများက ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် နာယကများက ဖြည့်စွက်ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ပေါ်ဦး