TikTok ပိတ္ပင္နိုင္ေၿခ ဥပေဒရွိလာေပမယ့္ ယင္းအက္ပ္ကို ဆက္အသုံးျပဳသြားမည္ဟု ဘိုင္ဒင္ မဲဆြယ္အဖြဲ႕ ေျပာဆို

လုံျခဳံေရးဆိုင္ရာ စိုးရိမ္ပူပန္ရမႈေတြေၾကာင့္ဆိုကာ TikTok ကို မိခင္ တ႐ုတ္ကုမၸဏီနဲ႔ လမ္းခြဲရင္ခြဲ သို႔မဟုတ္ပါက အေမရိကန္မွာ အက္ပ္ကို ပိတ္ပင္ခံရမယ့္ ဥပေဒၾကမ္းတစ္ခုကို လက္မွတ္ေရးထိုးအတည္ျပဳခဲ့ၿပီးေနာက္မွာပင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က သူ ထပ္မံယွဥ္ၿပိဳင္မယ့္ ေရြးေကာက္ပြဲ မဲဆြယ္မႈအတြက္ TikTok ေပၚကေန ဆက္လက္စည္း႐ုံးလႈံ႔ေဆာ္မႈလုပ္သြားမယ္လို႔ သိရပါတယ္။
အေမရိကန္လူဦးေရရဲ့ ထက္ဝက္ေက်ာ္ျဖစ္တဲ့ အေမရိကန္နိုင္ငံသား သန္း ၁၇၀ ခန႔္ ေဒါင္းလုပ္ထားတဲ့ အက္ပ္ဟာ သမၼတအေနနဲ႔ သူ ေပးလိုတဲ့ သတင္းစကားေတြ လူငယ္မဲဆႏၵရွင္ေတြထံ ေရာက္ရွိဖို႔ ေသခ်ာေစမယ့္ လမ္းေၾကာင္းေတြထဲက တစ္ခုျဖစ္တယ္လို႔ ဘိုင္ဒင္မဲဆြယ္အဖြဲ႕ အရာရွိတစ္ဦးက ေျပာဆိုခဲ့ပါတယ္။
ေရြးေကာက္ပြဲက ေလာင္းေၾကးျမင့္လာတဲ့အခါ မိမိတို႔အေနနဲ႔ လူငယ္မဲဆႏၵရွင္ေတြရွိရာ ေနရာကို ေရာက္ရွိဖို႔အေရး ကိရိယာတိုင္းကို အသုံးျပဳသြားမွာျဖစ္ေၾကာင္းနဲ႔ ယင္းအတြက္ လုံျခဳံေရးအစီအမံေတြလုပ္ေဆာင္ထားၿပီးျဖစ္ေၾကာင္း ယင္းအရာရွိက ေျပာဆိုပါတယ္။
TikTok ပိုင္ရွင္ တ႐ုတ္အုပ္စု ByteDance ရဲ့ ၿခိမ္းေျခာက္မႈလို႔ အေမရိကန္အမ်ိဳးသား လုံျခဳံေရး အရာရွိေတြ ရႈျမင္တဲ့ အရာကို ကိုင္တြယ္ေျဖရွင္းေရး အစီအမံတစ္ခုလည္း ပါဝင္တဲ့ ယူကရိန္း၊ အစၥေရး၊ ထိုင္ဝမ္တို႔အတြက္ ကန္ေဒၚလာ ၉၅ ဘီလီယံ အကူအညီေပးေရးအစီအစဥ္ကို ဗုဒၶဟူးေန႔မွာ သမၼတဘိုင္ဒင္ လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။
ဥပေဒအရ ByteDance က အက္ပ္ကို ခြဲထုတ္ေပးျခင္းမရွိခဲ့လၽွင္ အေမရိကန္ အက္ပ္စတိုးေတြဟာ TikTok ကို တည့္သြင္းျခင္း သို႔မဟုတ္ အပ္ဒိတ္လုပ္ျခင္းေတြကို ရက္ေပါင္း ၂၇၀ အတြင္း ပိတ္ပင္သြားမယ္လို႔ သိရပါတယ္။ ယင္း သတ္မွတ္ရက္ကို ဘိုင္ဒင္က ရက္ ၉၀ ထပ္တိုးေပးနိုင္ၿပီး ယင္းသို႔မတိုးခဲ့ပါက သမၼတ က်မ္းက်ိန္ပြဲမတိုင္မီ တစ္ရက္အလိုမွာ အက္ပ္ပိတ္ပင္ေရး သတ္မွတ္ရက္က်ေရာက္မွာျဖစ္ပါတယ္။

Ref: FT

======

TikTok ပိတ်ပင်နိုင်ခြေ ဥပဒေရှိလာပေမယ့် ယင်းအက်ပ်ကို ဆက်အသုံးပြုသွားမည်ဟု ဘိုင်ဒင် မဲဆွယ်အဖွဲ့ ပြောဆို

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရမှုတွေကြောင့်ဆိုကာ TikTok ကို မိခင် တရုတ်ကုမ္ပဏီနဲ့ လမ်းခွဲရင်ခွဲ သို့မဟုတ်ပါက အမေရိကန်မှာ အက်ပ်ကို ပိတ်ပင်ခံရမယ့် ဥပဒေကြမ်းတစ်ခုကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးနောက်မှာပင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ ထပ်မံယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲ မဲဆွယ်မှုအတွက် TikTok ပေါ်ကနေ ဆက်လက်စည်းရုံးလှုံ့ဆော်မှုလုပ်သွားမယ်လို့ သိရပါတယ်။
အမေရိကန်လူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ အမေရိကန်နိုင်ငံသား သန်း ၁၇၀ ခန့် ဒေါင်းလုပ်ထားတဲ့ အက်ပ်ဟာ သမ္မတအနေနဲ့ သူ ပေးလိုတဲ့ သတင်းစကားတွေ လူငယ်မဲဆန္ဒရှင်တွေထံ ရောက်ရှိဖို့ သေချာစေမယ့် လမ်းကြောင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဘိုင်ဒင်မဲဆွယ်အဖွဲ့ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲက လောင်းကြေးမြင့်လာတဲ့အခါ မိမိတို့အနေနဲ့ လူငယ်မဲဆန္ဒရှင်တွေရှိရာ နေရာကို ရောက်ရှိဖို့အရေး ကိရိယာတိုင်းကို အသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ ယင်းအတွက် လုံခြုံရေးအစီအမံတွေလုပ်ဆောင်ထားပြီးဖြစ်ကြောင်း ယင်းအရာရှိက ပြောဆိုပါတယ်။
TikTok ပိုင်ရှင် တရုတ်အုပ်စု ByteDance ရဲ့ ခြိမ်းခြောက်မှုလို့ အမေရိကန်အမျိုးသား လုံခြုံရေး အရာရှိတွေ ရှုမြင်တဲ့ အရာကို ကိုင်တွယ်ဖြေရှင်းရေး အစီအမံတစ်ခုလည်း ပါဝင်တဲ့ ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့အတွက် ကန်ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ သမ္မတဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဥပဒေအရ ByteDance က အက်ပ်ကို ခွဲထုတ်ပေးခြင်းမရှိခဲ့လျှင် အမေရိကန် အက်ပ်စတိုးတွေဟာ TikTok ကို တည့်သွင်းခြင်း သို့မဟုတ် အပ်ဒိတ်လုပ်ခြင်းတွေကို ရက်ပေါင်း ၂၇၀ အတွင်း ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ ယင်း သတ်မှတ်ရက်ကို ဘိုင်ဒင်က ရက် ၉၀ ထပ်တိုးပေးနိုင်ပြီး ယင်းသို့မတိုးခဲ့ပါက သမ္မတ ကျမ်းကျိန်ပွဲမတိုင်မီ တစ်ရက်အလိုမှာ အက်ပ်ပိတ်ပင်ရေး သတ်မှတ်ရက်ကျရောက်မှာဖြစ်ပါတယ်။

Ref: FT