ေျမာက္ကိုရီးယားသည္ ၎၏ သံတမန္ေရးအရ အထီးက်န္မႈကို ျဖတ္ေတာက္ရန္ ႀကီးထြားလာေနသည့္ ႀကိဳးပမ္းအား ထုတ္မႈတစ္ရပ္အျဖစ္ အီရန္နိုင္ငံသို႔ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ ေစလႊတ္

ဧၿပီ ၂၅

COVID-19 ကူးစက္ေရာဂါ စတင္ျဖစ္ပြားခ်ိန္မွစ၍ ႏွစ္နိုင္ငံ၏ ပထမဆုံးေသာ ေဆြးေႏြးပြဲမ်ား ျဖစ္လာနိုင္ေရးအတြက္ ေျမာက္ကိုရီးယား၏ အဆင့္ျမင့္ စီးပြား ေရး ကိုယ္စားလွယ္အဖြဲ႕သည္ အီရန္နိုင္ငံသို႔ သြား ေရာက္ေနၿပီဟု ေျမာက္ကိုရီးယား နိုင္ငံပိုင္မီဒီယာက ဗုဒၶဟူးေန႔တြင္ ေျပာၾကားခဲ့သည္။

“စစ္ေအးတိုက္ပြဲသစ္” ဟူေသာ အယူအဆကို ခံယူကာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းသည္ အေမရိကန္ႏွင့္ ထိပ္တိုက္ေတြ႕ေသာ နိုင္ငံမ်ားႏွင့္ ပူး ေပါင္းေဆာင္ရြက္မႈကို ျမႇင့္တင္ရန္ တြန္းအားေပးေနၿပီး ၎၏ လက္နက္စမ္းသပ္မႈမ်ားကို အရွိန္ျမႇင့္ကာ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ၎တို႔၏ စစ္ေရးေလ့ က်င့္မႈကို တိုးခ်ဲ႕ရန္ တြန္းအားေပးလ်က္ရွိသည္။

ေျမာက္ကိုရီးယား၏ ျပင္ပစီးပြားေရးဆက္ဆံေရး အႀကီးအကဲ Yun Jung Ho ဦးေဆာင္ေသာ ျပဳံယမ္း၏ ကိုယ္စားလွယ္အဖြဲ႕သည္ အဂၤါေန႔တြင္ အီရန္နိုင္ငံသို႔ ခရီးထြက္ခြာသြားခဲ့ေၾကာင္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက ဗုဒၶဟူးေန႔တြင္ ေျပာၾကားခဲ့သည္။ နိုင္ငံပိုင္မီဒီယာက ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကိုမူ ခ်က္ခ်င္းမေဖာ္ျပခဲ့​ေပ။

ျပဳံယမ္းႏွင့္ တီဟီရန္ ႏွစ္နိုင္ငံလုံးသည္ ႐ုရွားသမၼတ ဗလာဒီမာပူတင္၏ ယူကရိန္းကို က်ဴး ေက်ာ္ဝင္ေရာက္မႈကို ေထာက္ခံအားေပးသည့္ နိုင္ငံမ်ားျဖစ္ၿပီး ၎တို႔ႏွစ္ဦးစလုံးသည္ ႐ုရွားအား စစ္လက္နက္ ပစၥည္းမ်ား ေပးအပ္သည္ဟု စြပ္စြဲခံထားရသည္ဟု AP သတင္းတြင္ ေဖာ္ျပထားသည္။

=========

မြောက်ကိုရီးယားသည် ၎င်း၏ သံတမန်ရေးအရ အထီးကျန်မှုကို ဖြတ်တောက်ရန် ကြီးထွားလာနေသည့် ကြိုးပမ်းအား ထုတ်မှုတစ်ရပ်အဖြစ် အီရန်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်

ဧပြီ ၂၅

COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံ၏ ပထမဆုံးသော ဆွေးနွေးပွဲများ ဖြစ်လာနိုင်ရေးအတွက် မြောက်ကိုရီးယား၏ အဆင့်မြင့် စီးပွား ရေး ကိုယ်စားလှယ်အဖွဲ့သည် အီရန်နိုင်ငံသို့ သွား ရောက်နေပြီဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“စစ်အေးတိုက်ပွဲသစ်” ဟူသော အယူအဆကို ခံယူကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်နှင့် ထိပ်တိုက်တွေ့သော နိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တွန်းအားပေးနေပြီး ၎င်း၏ လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်ကာ အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ စစ်ရေးလေ့ ကျင့်မှုကို တိုးချဲ့ရန် တွန်းအားပေးလျက်ရှိသည်။

မြောက်ကိုရီးယား၏ ပြင်ပစီးပွားရေးဆက်ဆံရေး အကြီးအကဲ Yun Jung Ho ဦးဆောင်သော ပြုံယမ်း၏ ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့တွင် အီရန်နိုင်ငံသို့ ခရီးထွက်ခွာသွားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံပိုင်မီဒီယာက နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ချက်ချင်းမဖော်ပြခဲ့​ပေ။

ပြုံယမ်းနှင့် တီဟီရန် နှစ်နိုင်ငံလုံးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းကို ကျူး ကျော်ဝင်ရောက်မှုကို ထောက်ခံအားပေးသည့် နိုင်ငံများဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ရုရှားအား စစ်လက်နက် ပစ္စည်းများ ပေးအပ်သည်ဟု စွပ်စွဲခံထားရသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။