
April 25





========

ဗီလာနှင့် ၂၀၂၇ခုနှစ်အထိ နည်းပြအူနိုင်းအမ်မရီ သက်တမ်းတိုး

April 25

ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ အသင်းရဲ့လက်ရှိနည်းပြအမ်မရီနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။

နည်းပြအမ်မရီဟာ ဗီလာအသင်းကို စရောက်တည်းက အသင်းကိုတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေပြီဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

နည်းပြအမ်မရီနဲ့ ဗီလာအသင်းတို့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၆)အထိ ကျန်ရှိနေသေးတယ်ဆိုပေမယ့်လည်း ဗီလာအသင်းဘက်က (၁)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နည်းပြအမ်မရီရဲ့ ဗီလာအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာမှာ ရပ်တည်နေသလို ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။