ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲသို႔ တက္ေရာက္

ဧၿပီ ၃၀၊ ပဲခူး

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ဧၿပီလ (၂၉) ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ပဲခူးၿမိဳ႕နယ္ပါတီ႐ုံးခန္းမတြင္ ျပဳလုပ္သည့္ ပါတီဝင္အဆိုျပဳလႊာမ်ား စုေပါင္းေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ခဲ့ၿပီး အစီအစဥ္အရ ပါတီဥကၠ႒မွ အမွာစကားေျပာၾကားရာ ” ပါတီသို႔ အသစ္ဝင္ေရာက္လာသူမ်ားသိသင့္သည့္ အသင္းဘဝမွသည္ နိုင္ငံေတာ္၏ သမိုင္းလိုအပ္ခ်က္အရ ပါတီအျဖစ္ေျပာင္းလဲျဖတ္သန္းခဲ့သည့္ မိမိတို႔ပါတီ၏ သမိုင္းေၾကာင္း၊ မိမိတို႔ပါတီ တံဆိပ္၊ အလံ၊ ေဆာင္ပုဒ္ တို႔၏ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ား၊ ပါတီ၏ ေရတို ေရရွည္ရည္မွန္းခ်က္မ်ားႏွင့္ ​ေရွ႕ဆက္ေဆာင္ရြက္သြားမည့္အစီအမံမ်ား ” အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)ပါတီဥကၠ႒ ဦးရဲျမင့္ထြန္း ပါတီဝင္အသစ္မ်ား၏ အဆိုျပဳလႊာ (၅၃၁)ေစာင္အား ေပးအပ္ရာ ပါတီဥကၠ႒ ဦးခင္ရီက လက္ခံရယူခဲ့ပါသည္။ ဆက္လက္ၿပီး ပါတီဝင္အသစ္မ်ားထဲက တစ္ဦးမွ ပါတီသို႔ဝင္ေရာက္ရျခင္းႏွင့္ပတ္သက္ၿပီး ရွင္းလင္းတင္ျပၿပီး အခမ္းအနားကို ေန႔လည္ ၁၁၄၅ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးလွသိန္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ပါတီဥကၠ႒ ဦးရဲျမင့္ထြန္း၊ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ပါတီဝင္သစ္ (၅၃၁)ဦး စုစုေပါင္းအင္အား (၇၀၀)ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

=========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

ဧပြီ ၃၀၊ ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပဲခူးမြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အစီအစဥ်အရ ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ ” ပါတီသို့ အသစ်ဝင်ရောက်လာသူများသိသင့်သည့် အသင်းဘဝမှသည် နိုင်ငံတော်၏ သမိုင်းလိုအပ်ချက်အရ ပါတီအဖြစ်ပြောင်းလဲဖြတ်သန်းခဲ့သည့် မိမိတို့ပါတီ၏ သမိုင်းကြောင်း၊ မိမိတို့ပါတီ တံဆိပ်၊ အလံ၊ ဆောင်ပုဒ် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပါတီ၏ ရေတို ရေရှည်ရည်မှန်းချက်များနှင့် ​ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ ” အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း ပါတီဝင်အသစ်များ၏ အဆိုပြုလွှာ (၅၃၁)စောင်အား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဝင်အသစ်များထဲက တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး အခမ်းအနားကို နေ့လည် ၁၁၄၅ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပါတီဝင်သစ် (၅၃၁)ဦး စုစုပေါင်းအင်အား (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။