ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr.Alexander Ostrovskiy ႏွင့္ United Russia ပါတီ ဒုတိယဥကၠ႒၏ အႀကံေပး Mr.Vitality Solonetskiy အား လက္ခံေတြ႕ဆုံ

ဧၿပီ ၁၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr.Alexander Ostrovskiy ႏွင့္ United Russia ပါတီ ဒုတိယဥကၠ႒၏ အႀကံေပး Mr.Vitality Solonetskiy အား ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၇ ရက္ေန႔ ၁၁၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ပါသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္နိုင္ငံဆက္ဆံေရး၊ ႏွစ္နိုင္ငံခ်စ္ၾကည္ေရး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီႏွင့္ United Russia ပါတီအၾကား က႑စုံပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေဆာင္ရြက္မႈအေျခအေနမ်ားအား ရင္းႏွီးလင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ေဒါက္တာေအာင္ျမတ္ဦး၊ ဦးျမင့္ကိုကို၊ ဗဟိုေကာ္မတီဝင္ ဦးေက်ာ္မိုးသက္တို႔တက္ေရာက္ခဲ့ၾကၿပီး ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္းဒုတိယဥကၠ႒ Mr.Alexander Ostrovskiy ႏွင့္ အဖြဲ႕ဝင္ ၂ ဦးတို႔တက္ေရာက္ခဲ့ပါသည္။

=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် United Russia ပါတီ ဒုတိယဥက္ကဋ္ဌ၏ အကြံပေး Mr.Vitality Solonetskiy အား လက်ခံတွေ့ဆုံ

ဧပြီ ၁၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် United Russia ပါတီ ဒုတိယဥက္ကဋ္ဌ၏ အကြံပေး Mr.Vitality Solonetskiy အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ၁၁၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မှုအခြေအနေများအား ရင်းနှီးလင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာအောင်မြတ်ဦး၊ ဦးမြင့်ကိုကို၊ ဗဟိုကော်မတီဝင် ဦးကျော်မိုးသက်တို့တက်ရောက်ခဲ့ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် အဖွဲ့ဝင် ၂ ဦးတို့တက်ရောက်ခဲ့ပါသည်။