ကိုရီးယားသို႔ ျမန္မာလုပ္သား ၁၇၉ ဦး ေစလႊတ္

ကိုရီးယားသမၼတနိုင္ငံ၌ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာအလုပ္သမားသစ္ ၁၇၉ ဦးကို ဧၿပီ ၃၀ ရက္က ေစလႊတ္ခဲ့ေၾကာင္း ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ သိရသည္။
အဆိုပါ ျမန္မာအလုပ္သမား ၁၇၉ ဦးကို ကိုရီးယားသမၼတနိုင္ငံသို႔ အစိုးရျပည္ပအလုပ္အကိုင္ ေအဂ်င္စီ(POEA)မွ တစ္ဆင့္ EPS စနစ္ျဖင့္ ေစလႊတ္ခဲ့ျခင္းျဖစ္ၿပီး ၎အလုပ္သမားမ်ားတြင္ ကုန္ထုတ္လုပ္သားသစ္ ၁၇၃ ဦးႏွင့္ ေဆာက္လုပ္ေရးလုပ္သားသစ္ေျခာက္ဦးပါဝင္ေၾကာင္း သိရသည္။
ယခုႏွစ္အတြင္း ကိုရီးယားသမၼတနိုင္ငံသို႔ အလုပ္လုပ္ကိုင္ရန္အတြက္ မတ္လအတြင္း EPS လုပ္သားဦးေရ စုစုေပါင္း ၈၆၂ ဦးႏွင့္ ကိုရီးယားသမၼတနိုင္ငံသို႔ E-9 ဗီဇာျဖင့္ EPS လုပ္သားစုစုေပါင္း ၄၂၁ ဦးေစလႊတ္ခဲ့ၿပီးျဖစ္ေၾကာင္း ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားၿပီး ဇန္နဝါရီလတြင္ ျမန္မာအလုပ္သမား ၃၀၃ ဦး၊ ေဖေဖာ္ဝါရီလတြင္ ျမန္မာအလုပ္သမား ၄၁၉ ဦးေစလႊတ္ခဲ့ၿပီးျဖစ္ေၾကာင္း ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

======

ကိုရီးယားသို့ မြန်မာလုပ်သား ၁၇၉ ဦး စေလွှတ်

ကိုရီးယားသမ္မတနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမားသစ် ၁၇၉ ဦးကို ဧပြီ ၃၀ ရက်က စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
အဆိုပါ မြန်မာအလုပ်သမား ၁၇၉ ဦးကို ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)မှ တစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအလုပ်သမားများတွင် ကုန်ထုတ်လုပ်သားသစ် ၁၇၃ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ်ခြောက်ဦးပါဝင်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်အတွက် မတ်လအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၄၂၁ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပြီး ဇန်နဝါရီလတွင် မြန်မာအလုပ်သမား ၃၀၃ ဦး၊ ဖေဖော်ဝါရီလတွင် မြန်မာအလုပ်သမား ၄၁၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။