ျမန္မာလက္ေရြးစင္ဖူဆယ္အသင္းတ႐ုတ္အသင္းကို အနိုင္ရရွိ

ဧၿပီ(၂၁)ရက္၌ က်င္းပျပဳလုပ္သည့္ AFC Futsal Asian Cup 2024 Thailand ၿပိဳင္ပြဲ အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္အား ျမန္မာလက္ေရြးစင္ဖူဆယ္အသင္းႏွင့္ တ႐ုတ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ ျမန္မာအသင္းက သုံးဂိုးသြင္းယူကာ အနိုင္ရရွိခဲ့သည္။
ပထမပိုင္း ပြဲခ်ိန္အၿပီးတြင္ ျမန္မာအသင္းက ႏွစ္ဂိုးသြင္းယူကာ ဦးေဆာင္ေနၿပီး၊ တ႐ုတ္အသင္းက တစ္ဂိုးျပန္လည္ေခ်ပသြင္းယူနိုင္ခဲ့သည္။
ဒုတိယပိုင္း ပြဲၿပီးဆုံးခ်ိန္တြင္ ျမန္မာအသင္းက တစ္ဂိုးထပ္မံသြင္းယူကာ သြင္းဂိုး တစ္ဂိုးျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္သည္။
အုပ္စု(က)အဆင့္ယွဥ္ၿပိဳင္ရာတြင္ ျမန္မာ အသင္းအေနျဖင့္ ဗီယက္နမ္အသင္းအား တစ္ဂိုးစီျဖင့္ သေရကစားနိုင္ခဲ့ၿပီး၊ အိမ္
ရွင္ ထိုင္းအသင္းႏွင့္ ယွဥ္ၿပိဳင္ရာတြင္( ၅) ဂိုးသြင္းယူခံရကာ ဂိုးျပတ္ ရႈံးနိမ့္ထားသည္။
ျမန္မာ့အသင္းသည္ AFC Futsal Asian Cup 2024 ၿပိဳင္ပြဲမတိုင္မီ ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္(FIFA)၏ နိုင္ငံအလိုက္အဆင့္သတ္မွတ္ခ်က္၌ အဆင့္ (၇၈)မွ (၆၉)သို႔ တက္လွမ္းနိုင္ခဲ့ကာ၊ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ နိုင္ငံအလိုက္အဆင့္ သတ္မွတ္ခ်က္တြင္လည္း အာရွအဆင့္ (၁၈) မွ (၁၅)သို႔တက္လွမ္းနိုင္ခဲ့ေၾကာင္း သိရသည္။

====

မြန်မာလက်ရွေးစင်ဖူဆယ်အသင်းတရုတ်အသင်းကို အနိုင်ရရှိ

ဧပြီ(၂၁)ရက်၌ ကျင်းပပြုလုပ်သည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အား မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနှင့် တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက သုံးဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။
ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နှစ်ဂိုးသွင်းယူကာ ဦးဆောင်နေပြီး၊ တရုတ်အသင်းက တစ်ဂိုးပြန်လည်ချေပသွင်းယူနိုင်ခဲ့သည်။
ဒုတိယပိုင်း ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက တစ်ဂိုးထပ်မံသွင်းယူကာ သွင်းဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အုပ်စု(က)အဆင့်ယှဉ်ပြိုင်ရာတွင် မြန်မာ အသင်းအနေဖြင့် ဗီယက်နမ်အသင်းအား တစ်ဂိုးစီဖြင့် သရေကစားနိုင်ခဲ့ပြီး၊ အိမ်
ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာတွင်( ၅) ဂိုးသွင်းယူခံရကာ ဂိုးပြတ် ရှုံးနိမ့်ထားသည်။
မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို့ တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။