ဘလင္ကန္ တ႐ုတ္သို႔သြားမည္

U.S. Secretary of State Antony Blinken gives a press conference on the last day of the G7 foreign ministers meeting on the small island of Capri on April 19, 2024. (Photo by Tiziana FABI / AFP)

ဧၿပီ ၂၁
အေမရိကႏွင့္တ႐ုတ္တို႔သည္ ႏွစ္နိုင္ငံအၾကားတြင္ ျဖစ္ပြားေနေသာ အဓိကျပႆနာမ်ား၌ ပူးေပါင္းေဆာင္ရြက္ၾကရန္ႀကိဳးပမ္းေနစဥ္အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္သည္ တ႐ုတ္နိုင္ငံသို႔ လာမည့္ရက္သတၱပတ္တြင္သြားေရာက္မည္ျဖစ္ေၾကာင္းသိရသည္။
၎တို႔ႏွစ္နိုင္ငံသည္ ႐ုရွား – ယူကရိန္းအေရး၊ထိုင္ဝမ္အေရးႏွင့္ ေတာင္တ႐ုတ္ပင္လယ္အပါအဝင္ ေျမာက္ကိုရီးယား၊ေဟာင္ေကာင္၊လူ႔အခြင့္အေရးကိစၥမ်ားအပါအဝင္ အေမရိကန္နိုင္ငံသားမ်ားကိုထိန္းသိမ္းထားျခင္းစသည့္ ကိစၥရပ္မ်ား၌ ထိပ္တိုက္ ေတြ႕ေနၾကျခင္းျဖစ္သည္။
အေမရိကႏွင့္တ႐ုတ္တို႔သည္ ကုန္သြယ္ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးကိစၥရပ္မ်ားအတြက္ တိုက္ခိုက္ေနၾကၿပီး ၿပီးခဲ့သည့္ရက္သတၱပတ္ကလည္း သမၼတဂ်ိဳးဘိုင္ဒင္သည္ တ႐ုတ္၏သံမဏိသြင္းကုန္မ်ားအေပၚစည္းၾကပ္ခြန္အသစ္မ်ားကိုခ်မွတ္ခဲ့ျခင္းလည္းပါဝင္သည္။
မစၥတာဘလင္ကန္သည္ တစ္ႏွစ္အတြင္း တ႐ုတ္နိုင္ငံသို႔ ႏွစ္ႀကိမ္ေျမာက္ခရီးစဥ္အျဖစ္ လာေရာက္ျခင္းျဖစ္ၿပီး ဗုဒၶဟူးေန႔မွ စတင္ကာ ရွန္ဟိုင္းႏွင့္ေပက်င္းၿမိဳ႕မ်ားသို႔သြားေရာက္မည္ျဖစ္ၿပီး တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိအပါအဝင္ တ႐ုတ္အႀကီးတန္းအရာရွိမ်ားႏွင့္ပါေတြ႕ဆုံမည္ျဖစ္ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ မစၥတာဘလင္ကန္ႏွင့္တ႐ုတ္သမၼတရွီတို႔ေတြ႕ဆုံနိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း ႏွစ္ဖက္စလုံးက အဆိုပါကိစၥအတြက္ အတည္ျပဳေျပာၾကားျခင္းမ်ိဳးမရွိေသးေပ။
Source : AFP

========

ဘလင်ကန် တရုတ်သို့သွားမည်
ဧပြီ ၂၁
အမေရိကနှင့်တရုတ်တို့သည် နှစ်နိုင်ငံအကြားတွင် ဖြစ်ပွားနေသော အဓိကပြဿနာများ၌ ပူးပေါင်းဆောင်ရွက်ကြရန်ကြိုးပမ်းနေစဉ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ်နိုင်ငံသို့ လာမည့်ရက်သတ္တပတ်တွင်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
၎င်းတို့နှစ်နိုင်ငံသည် ရုရှား – ယူကရိန်းအရေး၊ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ်အပါအဝင် မြောက်ကိုရီးယား၊ဟောင်ကောင်၊လူ့အခွင့်အရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများကိုထိန်းသိမ်းထားခြင်းစသည့် ကိစ္စရပ်များ၌ ထိပ်တိုက် တွေ့နေကြခြင်းဖြစ်သည်။
အမေရိကနှင့်တရုတ်တို့သည် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များအတွက် တိုက်ခိုက်နေကြပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်၏သံမဏိသွင်းကုန်များအပေါ်စည်းကြပ်ခွန်အသစ်များကိုချမှတ်ခဲ့ခြင်းလည်းပါဝင်သည်။
မစ္စတာဘလင်ကန်သည် တစ်နှစ်အတွင်း တရုတ်နိုင်ငံသို့ နှစ်ကြိမ်မြောက်ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှ စတင်ကာ ရှန်ဟိုင်းနှင့်ပေကျင်းမြို့များသို့သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအပါအဝင် တရုတ်အကြီးတန်းအရာရှိများနှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် မစ္စတာဘလင်ကန်နှင့်တရုတ်သမ္မတရှီတို့တွေ့ဆုံနိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နှစ်ဖက်စလုံးက အဆိုပါကိစ္စအတွက် အတည်ပြုပြောကြားခြင်းမျိုးမရှိသေးပေ။
Source : AFP