သပိတ္အဆုံးသတ္ေရး အစိုးရ အဆိုျပဳခ်က္ကို ေတာင္ကိုရီးယားဆရာဝန္မ်ား ပယ္ခ်

ျပင္ဆင္ထားတဲ့ ေဆးဘက္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ ေတာင္ကိုရီးယားအစိုးရက တင္ျပခဲ့ေပမယ့္လည္း ေတာင္ကိုရီးယားနိုင္ငံရဲ့ဦးေဆာင္ဆရာဝန္ အစည္းအ႐ုံးက ပယ္ခ်လိုက္ပါတယ္။
လာမယ့္ႏွစ္ကစၿပီး ေဆးေက်ာင္းေတြမွာ ေက်ာင္းသား ၂၀၀၀ အထိ လက္ခံသြားမယ့္ အစိုးရရဲ့ အစီအစဥ္​ကို ကန္႔ကြက္ရင္း အလုပ္သင္ ဆရာဝန္ေထာင္ေပါင္းမ်ားစြာက အလုပ္ခြင္မဝင္ဘဲ ဆႏၵျပေနၾကတာ ႏွစ္လခန္႔ရွိလာခဲ့တာနဲ႔အတူ ေတာင္ကိုရီးယားေဆး႐ုံေတြမွာ အခက္အခဲမ်ားစြာ ၾကဳံေတြ႕ေနပါတယ္။
သမၼတယြန္ဆြတ္ယိုးလ္ရဲ့အစိုးရက ေသာၾကာေန႔မွာ ပထမဆုံး လိုက္ေလ်ာမႈ လုပ္ခဲ့ကာ ေဆးေက်ာင္း ၃၂ ေက်ာင္းမွာ ေက်ာင္းသား ၂၀၀၀ အစား ၁၀၀၀ သာ လက္ခံသြားမယ္လို႔ ျပင္ဆင္ေပးခဲ့ေပမယ့္လည္း ကိုရီးယားေဆးဘက္ဆိုင္ရာ အစည္းအ႐ုံး( Korean Medical Association – KMA) က အစိုးရရဲ့ အစီအစဥ္ သီတင္းတစ္ပတ္အတြင္း စြန္႔လႊတ္ရမွာ ျဖစ္ေၾကာင္းေျပာၾကားပါတယ္။
မိမိတို႔ရဲ့ အစီအစဥ္က သက္ႀကီးရြယ္အို မ်ားလာတဲ့ လူ႔အဖြဲ႕အစည္းအတြက္ ဆရာဝန္ လိုအပ္ခ်က္မ်ားေနတာကို ေလ်ာ့ပါးေစလိမ့္မယ္လို႔ အစိုးရက ေျပာၾကားေပမယ့္လည္း က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ပညာေရးအရည္အေသြးကိုသာေလ်ာ့က်သြားေစလိမ့္မယ္လို႔ ဆရာဝန္ေတြက ေျပာၾကပါတယ္။
ေဖေဖာ္ဝါရီ ၂၀ ရက္က စတင္ခဲ့တဲ့ သပိတ္ေမွာက္ဆႏၵျပပြဲမွာ အလုပ္သင္ဆရာဝန္ေတြနဲ႔ ေသြးစည္းညီညြတ္မႈျပသရင္း ေဆးေက်ာင္းတက္ေနတဲ့ ေက်ာင္းသား ၅၀ ရာခိုင္ႏႈန္းေလာက္ကလည္း ပ်က္ကြက္ခြင့္တစ္ႏွစ္ေလ်ာက္က္ထားၾကတယ္လို႔ ပညာေရး ဝန္ႀကီးဌာန က ေျပာၾကားပါတယ္။
ဒါ့အျပင္ အကယ္၍သာ အစိုးရက အေလၽွာ့မေပးခဲ့ရင္ အေထြေထြ ေဆး႐ုံႀကီးေတြက စီနီယာ ဆရာဝန္ေတြပါ ဧၿပီ ၂၅ ရက္က စၿပီး ႏုတ္ထြက္ၾကမွာ ျဖစ္ေၾကာင္း နဲ႔ ဒါဆိုရင္က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းလည္း ၿပိဳလဲသြားလိမ့္မယ္လို႔ KMA က သတိေပးေျပာၾကားပါတယ္။

Source – AFP

======

သပိတ်အဆုံးသတ်ရေး အစိုးရ အဆိုပြုချက်ကို တောင်ကိုရီးယားဆရာဝန်များ ပယ်ချ

ပြင်ဆင်ထားတဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဥ် တောင်ကိုရီးယားအစိုးရက တင်ပြခဲ့ပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ဦးဆောင်ဆရာဝန် အစည်းအရုံးက ပယ်ချလိုက်ပါတယ်။
လာမယ့်နှစ်ကစပြီး ဆေးကျောင်းတွေမှာ ကျောင်းသား ၂၀၀၀ အထိ လက်ခံသွားမယ့် အစိုးရရဲ့ အစီအစဥ်​ကို ကန့်ကွက်ရင်း အလုပ်သင် ဆရာဝန်ထောင်ပေါင်းများစွာက အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြနေကြတာ နှစ်လခန့်ရှိလာခဲ့တာနဲ့အတူ တောင်ကိုရီးယားဆေးရုံတွေမှာ အခက်အခဲများစွာ ကြုံတွေ့နေပါတယ်။
သမ္မတယွန်ဆွတ်ယိုးလ်ရဲ့အစိုးရက သောကြာနေ့မှာ ပထမဆုံး လိုက်လျောမှု လုပ်ခဲ့ကာ ဆေးကျောင်း ၃၂ ကျောင်းမှာ ကျောင်းသား ၂၀၀၀ အစား ၁၀၀၀ သာ လက်ခံသွားမယ်လို့ ပြင်ဆင်ပေးခဲ့ပေမယ့်လည်း ကိုရီးယားဆေးဘက်ဆိုင်ရာ အစည်းအရုံး( Korean Medical Association – KMA) က အစိုးရရဲ့ အစီအစဥ် သီတင်းတစ်ပတ်အတွင်း စွန့်လွှတ်ရမှာ ဖြစ်ကြောင်းပြောကြားပါတယ်။
မိမိတို့ရဲ့ အစီအစဥ်က သက်ကြီးရွယ်အို များလာတဲ့ လူ့အဖွဲ့အစည်းအတွက် ဆရာဝန် လိုအပ်ချက်များနေတာကို လျော့ပါးစေလိမ့်မယ်လို့ အစိုးရက ပြောကြားပေမယ့်လည်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးအရည်အသွေးကိုသာလျော့ကျသွားစေလိမ့်မယ်လို့ ဆရာဝန်တွေက ပြောကြပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့တဲ့ သပိတ်မှောက်ဆန္ဒပြပွဲမှာ အလုပ်သင်ဆရာဝန်တွေနဲ့ သွေးစည်းညီညွတ်မှုပြသရင်း ဆေးကျောင်းတက်နေတဲ့ ကျောင်းသား ၅၀ ရာခိုင်နှုန်းလောက်ကလည်း ပျက်ကွက်ခွင့်တစ်နှစ်လျောက်က်ထားကြတယ်လို့ ပညာရေး ဝန်ကြီးဌာန က ပြောကြားပါတယ်။
ဒါ့အပြင် အကယ်၍သာ အစိုးရက အလျှော့မပေးခဲ့ရင် အထွေထွေ ဆေးရုံကြီးတွေက စီနီယာ ဆရာဝန်တွေပါ ဧပြီ ၂၅ ရက်က စပြီး နုတ်ထွက်ကြမှာ ဖြစ်ကြောင်း နဲ့ ဒါဆိုရင်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်း ပြိုလဲသွားလိမ့်မယ်လို့ KMA က သတိပေးပြောကြားပါတယ်။

Source – AFP