ယူကရိန္းႏွင့္ အပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္မည္မဟုတ္ဟု ရွရွားေျပာ

ဧၿပီ ၂၀

႐ုရွားနိုင္ငံအေနျဖင့္ ယူကရိန္းႏွင့္ အပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္မည္မဟုတ္ေၾကာင္း ႐ုရွား နိုင္ငံ ျခားေရးဝန္ႀကီး ဆာဂ်ီလက္ေရာ့ဗ္ က ဧၿပီလ ၁၉ ရက္တြင္ ေျပာသည္။

ယူကရိန္းအစိုးရသည္ ၎တို႔၏ ကတိကဝတ္ကိုလိုက္နာမည္ဟု ရွရွားက ယုံၾကည္မႈမရွိေၾကာင္း၊ အကယ္၍ ႐ုရွားႏွင့္ယူကရိန္းတို႔ၾကား အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲမ်ား က်င္းပေနလၽွင္ပင္ ႐ုရွားက အပစ္အခတ္ရပ္စဲမည္မဟုတ္ေၾကာင္း လက္ေရာ့ဗ္ က ႐ုရွားမီဒီယားတစ္ခုႏွင့္ လုပ္ေဆာင္သည့္ ေတြ႕ဆုံေမး ျမန္းခန္း၌ ေျပာျခင္းျဖစ္သည္။

ထို႔အျပင္ ႐ုရွားအစိုးရသည္ အပစ္အခတ္ရပ္စဲေရးေဆြးေႏြးရန္ အသင့္အေနအထားရွိခဲ့ၿပီးျဖစ္ေသာ္ လည္း ယူကရိန္းအစိုးရသည္ ယုံၾကည္ရသည့္ အဖြဲ႕အစည္းတစ္ခုမဟုတ္ေၾကာင္းကို သက္ေသျပခဲ့ၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုက္ ခိုက္မႈမ်ားကို ဆက္ လက္လုပ္ေဆာင္မည္ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

႐ုရွားႏွင့္ယူကရိန္းနိုင္ငံတို႔သည္ ၂၀၂၂ ခုႏွစ္ မတ္ လေႏွာင္းပိုင္းတြင္ တူကီယဲနိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕၌ ေဆြးေႏြးပြဲမ်ားက်င္းပခဲ့ၿပီး ေနာက္ပိုင္းမွစ၍ ႏွစ္နိုင္ငံၾကား တိုက္ရိုက္ေဆြးေႏြးမႈမ်ား ျပန္ လည္က်င္းပနိုင္ျခင္းမရွိ ေသးေၾကာင္း သိရသည္။ အစၥတန္ဘူလ္ေဆြး ေႏြးပြဲမွ ထြက္ေပၚလာသည့္ ရလဒ္ကို ႀကိဳဆိုသည့္အေနျဖင့္ ႐ုရွား အစိုး ရက ၎တို႔၏တပ္မ်ားကို ကိယက္ဗ္ၿမိဳ႕ ဆင္ေၿခ ဖုံးအရပ္မွ ျပန္လည္႐ုပ္သိမ္းေပးရန္ ကနဦးေျပာၾကားခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ ယူကရိန္းအစိုးရသည္ တူကီယဲနိုင္ငံတြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲမွရလဒ္မ်ားကို ခ်ိဳးေဖာက္ခဲ့သည္ဟု စြပ္စြဲေျပာၾကားခဲ့ေၾကာင္းသိရသည္။

========

ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ဟု ရှရှားပြော
ဧပြီ ၂၀

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် က ဧပြီလ ၁၉ ရက်တွင် ပြောသည်။

ယူကရိန်းအစိုးရသည် ၎င်းတို့၏ ကတိကဝတ်ကိုလိုက်နာမည်ဟု ရှရှားက ယုံကြည်မှုမရှိကြောင်း၊ အကယ်၍ ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပနေလျှင်ပင် ရုရှားက အပစ်အခတ်ရပ်စဲမည်မဟုတ်ကြောင်း လက်ရော့ဗ် က ရုရှားမီဒီယားတစ်ခုနှင့် လုပ်ဆောင်သည့် တွေ့ဆုံမေး မြန်းခန်း၌ ပြောခြင်းဖြစ်သည်။

ထို့အပြင် ရုရှားအစိုးရသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အသင့်အနေအထားရှိခဲ့ပြီးဖြစ်သော် လည်း ယူကရိန်းအစိုးရသည် ယုံကြည်ရသည့် အဖွဲ့အစည်းတစ်ခုမဟုတ်ကြောင်းကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုက် ခိုက်မှုများကို ဆက် လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် ၂၀၂၂ ခုနှစ် မတ် လနှောင်းပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဆွေးနွေးပွဲများကျင်းပခဲ့ပြီး နောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြန် လည်ကျင်းပနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။ အစ္စတန်ဘူလ်ဆွေး နွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကို ကြိုဆိုသည့်အနေဖြင့် ရုရှား အစိုး ရက ၎င်းတို့၏တပ်များကို ကိယက်ဗ်မြို့ ဆင်ခြေ ဖုံးအရပ်မှ ပြန်လည်ရုပ်သိမ်းပေးရန် ကနဦးပြောကြားခဲ့ သော်လည်း နောက်ပိုင်းတွင် ယူကရိန်းအစိုးရသည် တူကီယဲနိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှရလဒ်များကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်းသိရသည်။