ဂ်ာမနီ၌ လယ္သမားမ်ားက ထြန္စက္မ်ားျဖင့္ လမ္းပိတ္ၿပီး ဆႏၵျပမႈျဖစ္ပြား

ဇန္နဝါရီလ ၁၂

ဂ်ာမနီနိုင္ငံတစ္ဝန္းရွိ အျမန္လမ္းမႀကီးမ်ား၌ လယ္သမားမ်ားက ထြန္စက္မ်ားျဖင့္ လမ္းပိတ္ၿပီး ဆႏၵျပမႈျဖစ္ပြားေၾကာင္းႏွင့္ အစိုးရက လယ္ယာက႑အေပၚ စစ္ေၾကညာျခင္း ျဖစ္ေၾကာင္း ဆႏၵျပသူမ်ားက စြပ္စြဲထားသည္။

ဘ႑ာေငြ အက်ပ္အတည္းႏွင့္ရင္ဆိုင္ ေနရသည့္ ဂ်ာမနီအစိုးရသည္ ဒီဇယ္ဆီမ်ား အတြက္ ေထာက္ပံ့ေၾကးေပးေနမႈကို ဖ်က္သိမ္းျခင္း၊ လယ္ယာသုံးစက္ပစၥည္းမ်ားအေပၚ အခြန္ေလၽွာ့ခ်ထားမႈကို ျပန္လည္ေကာက္ခံျခင္း၊ လမ္းတံတား ေၾကးမ်ား တိုးျမႇင့္ေကာက္ခံျခင္းတို႔ လုပ္သြားရန္ စီစဥ္ထားသည္ဟု ထုတ္ျပန္ေၾကညာလိုက္သည္။

ထို႔ေၾကာင့္ လယ္သမားမ်ားက ဘာလင္ၿမိဳ႕ရွိ ဘရန္ဒန္ဘာ့ဂိတ္ေရွ႕ အပါအဝင္ နိုင္ငံတစ္ဝန္း၌ လမ္းမ်ား ပိတ္ဆို႔ဆႏၵျပမႈမ်ားကို လုပ္ေဆာင္ျခင္းျဖစ္သည္။

ဆႏၵျပသည့္ လယ္သမားမ်ားသည္ ၎တို႔၏ ထြန္စက္မ်ား၌ “လယ္သမားမ်ား မရွိလၽွင္အနာဂတ္မရွိ” ဟူေသာ နဖူးစည္း မ်ားကိုခ်ိတ္ဆြဲကာ ထြန္စက္မ်ားကို တန္းစီ၍ ဆႏၵျပျခင္းျဖစ္သည္။

ထို႔ေနာက္ အစိုးရအဖြဲ႕က ၎တို႔စီစဥ္ထားေသာ ေထာက္ပံ့ေၾကးျဖတ္ခ်မႈ အနက္ တခ်ိဳ႕တစ္ဝက္ကို ျပန္လည္႐ုပ္သိမ္းလိုက္သည္။

သို႔ေသာ္ အစိုးရအဖြဲ႕၏ လိုက္ေလ်ာမႈသည္ လုံေလာက္မႈ မရွိေသးေၾကာင္းႏွင့္ ဆႏၵျပမႈမ်ားကို စီစဥ္ထားသည့္အတိုင္း ဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ဂ်ာမန္လယ္သမားမ်ား အစည္းအ႐ုံးက ထုတ္ျပန္ထားသည္။

ဂ်ာမနီအစိုးရအေနျဖင့္ လယ္ယာစိုက္ပ်ိဳးေရး က႑ကို ေထာက္ပံ့ေၾကး အမ်ားဆုံး ေပးထားျခင္းျဖစ္ေသာေၾကာင့္ ဆႏၵျပမႈမ်ားကို ျပန္လည္႐ုပ္သိမ္းရန္ ဘ႑ာေရးဝန္ႀကီးက ေတာင္းဆိုထားသည္။

လယ္သမားမ်ားကမူ အစိုးရ၏ ယခုကဲ့သို႔လုပ္ေဆာင္မႈသည္ ၎တို႔၏ လူေနမႈဘ၀ ကိုၿခိမ္းေျခာက္ေနကာ ဂ်ာမနီ၏ လယ္ယာစိုက္ပ်ိဳးေရး က႑ယွဥ္ၿပိဳင္မႈကို အားနည္းေစမည္ျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္ဟု သိရသည္။

============

ဂျာမနီ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွား

ဇန်နဝါရီလ ၁၂

ဂျာမနီနိုင်ငံတစ်ဝန်းရှိ အမြန်လမ်းမကြီးများ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွားကြောင်းနှင့် အစိုးရက လယ်ယာကဏ္ဍအပေါ် စစ်ကြေညာခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက စွပ်စွဲထားသည်။

ဘဏ္ဍာငွေ အကျပ်အတည်းနှင့်ရင်ဆိုင် နေရသည့် ဂျာမနီအစိုးရသည် ဒီဇယ်ဆီများ အတွက် ထောက်ပံ့ကြေးပေးနေမှုကို ဖျက်သိမ်းခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများအပေါ် အခွန်လျှော့ချထားမှုကို ပြန်လည်ကောက်ခံခြင်း၊ လမ်းတံတား ကြေးများ တိုးမြှင့်ကောက်ခံခြင်းတို့ လုပ်သွားရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ထို့ကြောင့် လယ်သမားများက ဘာလင်မြို့ရှိ ဘရန်ဒန်ဘာ့ဂိတ်ရှေ့ အပါအဝင် နိုင်ငံတစ်ဝန်း၌ လမ်းများ ပိတ်ဆို့ဆန္ဒပြမှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဆန္ဒပြသည့် လယ်သမားများသည် ၎င်းတို့၏ ထွန်စက်များ၌ “လယ်သမားများ မရှိလျှင်အနာဂတ်မရှိ” ဟူသော နဖူးစည်း များကိုချိတ်ဆွဲကာ ထွန်စက်များကို တန်းစီ၍ ဆန္ဒပြခြင်းဖြစ်သည်။

ထို့နောက် အစိုးရအဖွဲ့က ၎င်းတို့စီစဉ်ထားသော ထောက်ပံ့ကြေးဖြတ်ချမှု အနက် တချို့တစ်ဝက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သို့သော် အစိုးရအဖွဲ့၏ လိုက်လျောမှုသည် လုံလောက်မှု မရှိသေးကြောင်းနှင့် ဆန္ဒပြမှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဂျာမန်လယ်သမားများ အစည်းအရုံးက ထုတ်ပြန်ထားသည်။

ဂျာမနီအစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ထောက်ပံ့ကြေး အများဆုံး ပေးထားခြင်းဖြစ်သောကြောင့် ဆန္ဒပြမှုများကို ပြန်လည်ရုပ်သိမ်းရန် ဘဏ္ဍာရေးဝန်ကြီးက တောင်းဆိုထားသည်။

လယ်သမားများကမူ အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်မှုသည် ၎င်းတို့၏ လူနေမှုဘ၀ ကိုခြိမ်းခြောက်နေကာ ဂျာမနီ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍယှဉ်ပြိုင်မှုကို အားနည်းစေမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်ဟု သိရသည်။