ေကာ္ဖီႏွင့္ က်န္းမာေရး

ေကာ္ဖီကို စိတ္လန္းဆန္းေစဖို႔၊ စိတ္ခံစားမႈေကာင္းေစဖို႔နဲ႔ အဆုတ္လမ္းေၾကာင္းက်ယ္ေစဖို႔ အသုံးျပဳၾကပါတယ္။
ေကာ္ဖီကို ရင္ၾကပ္ေရာဂါ၊ ေခါင္းကိုက္ျခင္းနဲ႔ အေအးမိျခင္းေတြအတြက္ ေသာက္သုံးၾကၿပီး၊ အိုပီယမ္ အဆိပ္မိျခင္းအတြက္ ေျဖေဆးအေနနဲ႔လည္း ေကာ္ဖီကို စအိုကေန ထည့္သြင္းကုသၾကပါတယ္။
အစားအေသာက္စားခ်င္စိတ္ကို လႈံ႔ေဆာ္ဖို႔နဲ႔ အစာေျချခင္းကို ေကာင္းေစဖို႔ ေကာ္ဖီကို အသုံးျပဳၾကပါတယ္။ ေကာ္ဖီဟာ ႏွာေခါင္းေသြးလၽွံျခင္းကို သက္သာေစၿပီး ေသြးလွည့္ပတ္မႈကို ေကာင္းေစပါတယ္။ ေကာ္ဖီက ပါကင္ဆန္ေရာဂါနဲ႔ သည္းေျခေက်ာက္ျဖစ္ပြားျခင္းကိုလည္း ကာကြယ္ေပးပါတယ္။
တစ္ေန႔ကို ေကာ္ဖီ တစ္ခြက္ ဒါမွမဟုတ္ ႏွစ္ခြက္ ေသာက္သုံးနိုင္ပါတယ္။ ဒါေပမဲ့ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္ဟာ ပမာဏမ်ားမ်ားေသာက္မိရင္ ကေလးငယ္ရဲ့ အစာလမ္းေၾကာင္းကို နာက်င္ေစၿပီး အိပ္မေပ်ာ္ျခင္းနဲ႔ စိတ္ဆတ္ျခင္းေတြ ျဖစ္ေစနိုင္ပါတယ္။
သင့္မွာ ဆီးခ်ိဳေရာဂါရွိရင္ ကဖင္းကို သတိထားၿပီး သုံးဖို႔ လိုသလို ေကာ္ဖီထဲရွိ ကဖင္းဓာတ္ဟာ ပမာဏမ်ားမ်ားေသာက္မိရင္ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါနဲ႔ အူလမ္းေၾကာင္းမေကာင္းတဲ့ ေရာဂါေတြကို ပိုဆိုးေစပါတယ္။
လူတစ္ဦးျခင္းစီရဲ့ ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပုံနဲ႔ က်န္းမာေရးျပႆနာေတြ မတူညီနိုင္တာေၾကာင့္ မိမိက်န္းမာေရးအေျခအေန၊ မိမိအသက္အရြယ္ကို ခ်င့္ခ်ိန္ၿပီးမွဘဲ ေကာ္ဖီကိုေသာက္သုံးသင့္သလို ကိုယ္ဝန္ေဆာင္ေတြနဲ႔ နို႔တိုက္မိခင္ေတြဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွသာ ေကာ္ဖီကိုေသာက္သုံးသင့္ပါတယ္။

======

ကော်ဖီနှင့် ကျန်းမာရေး

ကော်ဖီကို စိတ်လန်းဆန်းစေဖို့၊ စိတ်ခံစားမှုကောင်းစေဖို့နဲ့ အဆုတ်လမ်းကြောင်းကျယ်စေဖို့ အသုံးပြုကြပါတယ်။
ကော်ဖီကို ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်းနဲ့ အအေးမိခြင်းတွေအတွက် သောက်သုံးကြပြီး၊ အိုပီယမ် အဆိပ်မိခြင်းအတွက် ဖြေဆေးအနေနဲ့လည်း ကော်ဖီကို စအိုကနေ ထည့်သွင်းကုသကြပါတယ်။
အစားအသောက်စားချင်စိတ်ကို လှုံ့ဆော်ဖို့နဲ့ အစာခြေခြင်းကို ကောင်းစေဖို့ ကော်ဖီကို အသုံးပြုကြပါတယ်။ ကော်ဖီဟာ နှာခေါင်းသွေးလျှံခြင်းကို သက်သာစေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ကော်ဖီက ပါကင်ဆန်ရောဂါနဲ့ သည်းခြေကျောက်ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
တစ်နေ့ကို ကော်ဖီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက် သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ပမာဏများများသောက်မိရင် ကလေးငယ်ရဲ့ အစာလမ်းကြောင်းကို နာကျင်စေပြီး အိပ်မပျော်ခြင်းနဲ့ စိတ်ဆတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ဆီးချိုရောဂါရှိရင် ကဖင်းကို သတိထားပြီး သုံးဖို့ လိုသလို ကော်ဖီထဲရှိ ကဖင်းဓာတ်ဟာ ပမာဏများများသောက်မိရင် ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အူလမ်းကြောင်းမကောင်းတဲ့ ရောဂါတွေကို ပိုဆိုးစေပါတယ်။
လူတစ်ဦးခြင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကျန်းမာရေးပြဿနာတွေ မတူညီနိုင်တာကြောင့် မိမိကျန်းမာရေးအခြေအနေ၊ မိမိအသက်အရွယ်ကို ချင့်ချိန်ပြီးမှဘဲ ကော်ဖီကိုသောက်သုံးသင့်သလို ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကော်ဖီကိုသောက်သုံးသင့်ပါတယ်။