ထိုင္း နိုင္ငံျခားေရးဝန္ႀကီး ရာထူးက ႐ုတ္တရက္ ႏုတ္ထြက္

ထိုင္းအစိုးရအဖြဲ႕သစ္၏ နိုင္ငံျခားေရးဝန္ႀကီး ပန္ပရီ ဖဟီထာ ႏုကြန္သည္ ဧၿပီလ (၂၈) ရက္တြင္ ရာထူးမွ ႐ုတ္တရက္ ႏုတ္ထြက္သြားေၾကာင္း သိရသည္။
ထိုင္းသတင္းမ်ား၏ ေဖာ္ျပခ်က္အရ ပန္ပရီအား ဒုတိယ ဝန္ႀကီးခ်ဳပ္အျဖစ္က ဖယ္ရွားျခင္းခံရျခင္းေၾကာင့္ ယခုလို ရာထူးက ႏုတ္ထြက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ပန္ပရီ၏ ႏုတ္ထြက္စာကို ထိုင္းဝန္ႀကီးခ်ဳပ္ ဆရက္သာ ထဝီဆင္းက လက္ခံခဲ့ေၾကာင္း အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခ်ိဳင္ဝါခ်ာရြန္ကီက ရိုက္တာသတင္းဌာနကို ေျပာဆိုထားသ ည္။
ထဝီဆင္း၏ အစိုးရသစ္အဖြဲ႕တြင္ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္သာမက နိုင္ငံျခားေရးဝန္ႀကီး ရာထူးကိုပါ ပူးတြဲခန႔္အပ္ခံထားရသူ ျဖစ္ေသာ္လည္း ယေန႔ ထိုင္းဘုရင့္နန္းေတာ္မွ ထုတ္ျပန္သည့္ အစိုးရအဖြဲ႕စာရင္းတြင္ ပန္ပရီကို နိုင္ငံျခားေရးဝန္ႀကီး အျဖစ္သာ ေဖာ္ျပထားသည့္အတြက္ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္မွ ဖယ္ရွားခံရသည့္သေဘာ သက္ေရာက္ေနျခင္းလည္း ျဖစ္သည္။ထို႔ေၾကာင့္နာရီပိုင္းအတြင္းပင္ ႏုတ္ထြက္စာ တင္လိုက္ေၾကာင္းသိရသည္။
နိုင္ငံျခားေရး ဝန္ႀကီး ပန္ပရီသည္ အိမ္နီးခ်င္း နိုင္ငံျဖစ္သည့္ ျမန္မာနိုင္ငံ ပဋိပကၡေျဖရွင္းေရးအတြက္ စိတ္အား ထက္သန္သူတစ္ဦးျဖစ္ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းက ျမဝတီၿမိဳ႕ တိုက္ပြဲျပင္းထန္ေနခ်ိန္တြင္ ျမဝတီၿမိဳ႕တစ္ဘက္ကမ္းရွိ မဲေဆာက္ၿမိဳ႕သို႔ လာေရာက္ကာ စစ္ေဘးေရွာင္ျပည္သူေတြအေရး ကူညီေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ညႊန္ၾကားခဲ့ေသးသည္။
ထို႔ျပင္ ျမန္မာ့အေရးကို အာဆီယံအေနျဖင့္ ေဆြးေႏြးအေျဖရွာဖို႔ အာဆီယံ ဥကၠ႒ လာအိုနိုင္ငံကို တိုက္တြန္းမႈမ်ား ေဆာင္ရြက္ခဲ့ေသးသည္။
ထိုင္းသတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရ သူ၏ လုပ္ေဆာင္မႈမ်ားေၾကာင့္ ဒု-ဝန္ႀကီးခ်ဳပ္ရာထူးက ဖယ္ရွားခံရျခင္း မဟုတ္ဘူးဟု ယုံၾကည္ေၾကာင္း ပန္ပရီက ေျပာဆိုထားေၾကာင္း သိရသည္။
Ref: The Straits Times

=========

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်

ထိုင်းအစိုးရအဖွဲ့သစ်၏ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန်သည် ဧပြီလ (၂၈) ရက်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားကြောင်း သိရသည်။
ထိုင်းသတင်းများ၏ ဖော်ပြချက်အရ ပန်ပရီအား ဒုတိယ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခြင်းခံရခြင်းကြောင့် ယခုလို ရာထူးက နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ပန်ပရီ၏ နုတ်ထွက်စာကို ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းက လက်ခံခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ရိုက်တာသတင်းဌာနကို ပြောဆိုထားသ ည်။
ထဝီဆင်း၏ အစိုးရသစ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်သာမက နိုင်ငံခြားရေးဝန်ကြီး ရာထူးကိုပါ ပူးတွဲခန့်အပ်ခံထားရသူ ဖြစ်သော်လည်း ယနေ့ ထိုင်းဘုရင့်နန်းတော်မှ ထုတ်ပြန်သည့် အစိုးရအဖွဲ့စာရင်းတွင် ပန်ပရီကို နိုင်ငံခြားရေးဝန်ကြီး အဖြစ်သာ ဖော်ပြထားသည့်အတွက် ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရသည့်သဘော သက်ရောက်နေခြင်းလည်း ဖြစ်သည်။ထို့ကြောင့်နာရီပိုင်းအတွင်းပင် နုတ်ထွက်စာ တင်လိုက်ကြောင်းသိရသည်။
နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးအတွက် စိတ်အား ထက်သန်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက မြဝတီမြို့ တိုက်ပွဲပြင်းထန်နေချိန်တွင် မြဝတီမြို့တစ်ဘက်ကမ်းရှိ မဲဆောက်မြို့သို့ လာရောက်ကာ စစ်ဘေးရှောင်ပြည်သူတွေအရေး ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ရန် စီစဉ်ညွှန်ကြားခဲ့သေးသည်။
ထို့ပြင် မြန်မာ့အရေးကို အာဆီယံအနေဖြင့် ဆွေးနွေးအဖြေရှာဖို့ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံကို တိုက်တွန်းမှုများ ဆောင်ရွက်ခဲ့သေးသည်။
ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သူ၏ လုပ်ဆောင်မှုများကြောင့် ဒု-ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရခြင်း မဟုတ်ဘူးဟု ယုံကြည်ကြောင်း ပန်ပရီက ပြောဆိုထားကြောင်း သိရသည်။
Ref: The Straits Times