ေလဗာကူဆင္အသင္း ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ ထိန္းထားနိုင္ခဲ့ၿပီးေနာက္ ေရႊဖလား ဆြတ္ခူးနိုင္ရန္ အေျခအေနေကာင္းမြန္ေန

April 25

ေလဗာကူဆင္အသင္းသည္ ယခုေဘာလုံးရာသီ၌ နည္းျပအလြန္ဆို လက္ေအာက္တြင္ ပုံစံေကာင္းျပသလ်က္ရွိကာ ေဒါ့မြန္အသင္းႏွင့္ ကစားသည့္ပြဲစဥ္ အၿပီးတြင္ ၿပိဳင္ပြဲစုံ ၄၅ ပြဲဆက္ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္နိုင္သည့္အျပင္ တစ္ရာသီအတြင္း ရႈံးပြဲမရွိဘဲ ခ်န္ပီယံဆုဆြတ္ခူးနိုင္ခဲ့ၿပီး ေရႊဖလားဆြတ္ခူးနိုင္ရန္ အေျခအေန ေကာင္းမြန္ေနေၾကာင္း သိရပါတယ္။

ေလဗာကူဆင္အသင္းသည္ ေဒါ့မြန္အသင္းႏွင့္ ပြဲစဥ္မတိုင္မီကတည္းက ခ်န္ပီယံဆု ဆြတ္ခူးထားၿပီးျဖစ္ေသာ္လည္း သေရရလဒ္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီး လက္က်န္ပြဲစဥ္မ်ားျဖစ္သည့္ စတုဂတ္အသင္း၊ ဖရန႔္ဖက္အသင္း၊ ဘိုခ်မ္အသင္း၊ ေအာ့စ္ဘတ္အသင္းတို႔ႏွင့္ ပြဲစဥ္မ်ားတြင္ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္နိုင္မည္ဆိုပါက တစ္ရာသီစလုံး ရႈံးပြဲမရွိဘဲ ေရႊဖလားဆြတ္ခူးနိုင္မည္ျဖစ္ပါတယ္။

ထို႔ျပင္ ေလဗာကူဆင္အသင္းသည္ ယူရိုပါလိဂ္ ၿပိဳင္ပြဲတြင္လည္း ဆီမီးဖိုင္နယ္အဆင့္သို႔ တက္ေရာက္ထားၿပီး ခ်န္ပီယံဆုဆြတ္ခူးနိုင္ရန္ ေရပန္းစားေနေၾကာင္း သိရပါတယ္။

=======

လေဗာကူဆင်အသင်း ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီးနောက် ရွှေဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းမွန်နေ

April 25

လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ၌ နည်းပြအလွန်ဆို လက်အောက်တွင် ပုံစံကောင်းပြသလျက်ရှိကာ ဒေါ့မွန်အသင်းနှင့် ကစားသည့်ပွဲစဉ် အပြီးတွင် ပြိုင်ပွဲစုံ ၄၅ ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်သည့်အပြင် တစ်ရာသီအတွင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ရွှေဖလားဆွတ်ခူးနိုင်ရန် အခြေအနေ ကောင်းမွန်နေကြောင်း သိရပါတယ်။

လေဗာကူဆင်အသင်းသည် ဒေါ့မွန်အသင်းနှင့် ပွဲစဉ်မတိုင်မီကတည်းက ချန်ပီယံဆု ဆွတ်ခူးထားပြီးဖြစ်သော်လည်း သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်များဖြစ်သည့် စတုဂတ်အသင်း၊ ဖရန့်ဖက်အသင်း၊ ဘိုချမ်အသင်း၊ အော့စ်ဘတ်အသင်းတို့နှင့် ပွဲစဉ်များတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်မည်ဆိုပါက တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ရွှေဖလားဆွတ်ခူးနိုင်မည်ဖြစ်ပါတယ်။

ထို့ပြင် လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ရန် ရေပန်းစားနေကြောင်း သိရပါတယ်။