ဥရောပအကောင်းဆုံး ဘောလုံးသမားဆု စီရော်နယ်ဒို ရရှိ

14067926_1316715858374873_1736649333056044563_o

ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ်  ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဒီနှစ်အတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ စီရော်နယ်ဒို၊ ရီးရဲလ်နဲ့ ဝေးလ် တိုက်စစ်မှူး ဂါရတ်ဘေးနဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းတို့ ၃ ဦးထဲကနေ ရော်နယ်ဒိုကို မဲပေး ရွေးချယ်လိုက်တာပါ။

ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို နိုင်ငံအသင်းအတွက်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒီဆုကို ဒုတိယ အကြိမ်မြောက် ရရှိတာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဥရောပအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကိုတော့ လိုင်ယွန်နဲ့ နော်ဝေတိုက်စစ်မှူး အဒါဟီဂါဘဂ်က ရရှိသွားပါတယ်။

-Ref; UEFA


Leave a Reply