ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္၌ အႏၲရာယ္ကင္းပရိတ္တရားေတာ္မ်ား နာယူပြဲအခမ္းအနားျပဳလုပ္

ဧၿပီ ၁၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ မိသားစုမ်ား၏ ႏွစ္သစ္ကူးအႏၲရာယ္ကင္းပရိတ္တရားေတာ္နာယူပြဲအခမ္းအနားကို ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၇ ရက္ေန႔ ႏွစ္ဆန္း (၁)ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။
ယင္းအခမ္းအနားသို႔ ပါတီ​ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ား တက္ေရာက္ခဲ့ၾကသည္။
ေရွးဦးစြာ ဒကၡိဏသီရိၿမိဳ႕နယ္၊ ရန္ေအာင္ျမင္ထန္းေတာေက်ာင္းတိုက္ ဆရာေတာ္တို႔အမႉးျပဳေသာ ပင့္သံဃာ (၅) ပါး တို႔ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္သံဃာေတာ္မ်ားက ႏွစ္သစ္ကူး အႏၲရာယ္ကင္းပရိတ္တရားေတာ္မ်ား ရြတ္ပြား သရဇၩာယ္ေတာ္မူၾကသည္။
ထို႔ေနာက္ အခမ္းအနားတက္ေရာက္သူမ်ားက တရားေတာ္မ်ား နာယူၾကည္ညိဳခဲ့ၾကၿပီး ဆရာေတာ္သံဃာေတာ္မ်ားအား လႉဖြယ္ဝတၳဳအစုစုတို႔ကို ဆက္ကပ္လႉဒါန္းကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့ေၾကာင္း သိရပါသည္။

======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပွဲအခမ်းအနားပြုလုပ်

ဧပြီ ၁၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုများ၏ နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း (၁)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ပါတီ​ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ထန်းတောကျောင်းတိုက် ဆရာတော်တို့အမှူးပြုသော ပင့်သံဃာ (၅) ပါး တို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်သူများက တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။