စစ်ကိုင်းတိုင်းဒေသကြီး လူငယ်နှီးနှောဖလှယ်ပွဲမှ လူငယ်များ၏ရင်တွင်းစကားသံများ

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို မေ ၁၁ ရက် နံနက် ၉ နာရီက မုံရွာမြို့ မြစန္ဒာခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့်လူငယ်များ၏ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည်။
ကိုအောင်ဇော်ဦး
(ပုလဲမြို့နယ်)
————————-
မိမိတို့စစ်ကိုင်းတိုင်းအတွင်း နေထိုင် ကြတဲ့ လူငယ်များနဲ့တွေ့ဆုံရလို့ သူငယ် ချင်းအသစ်တွေတိုးလာပြီး ကျွန်တော်တို့ သူတို့မသိသေးတဲ့သတင်းအချက်အလက် အမှန်တွေ၊ ရိုးရာဓလေ့တွေ ကြားသိခွင့် ရခဲ့ပါတယ်။ ဒေသအလိုက် စီးပွားရေး လုပ်ငန်း ဘယ်လိုလုပ်တယ်ဆိုတဲ့ အတွေ့ အကြုံတွေ ရရှိခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေ ချင်ပါတယ်။ အနာဂတ်မှာလက်ဆင့်ကမ်း ထမ်းဆောင်ရမဲ့သူတွေဟာ လူငယ်တွေ ဖြစ်လို့ လူငယ်တွေ သတင်းအမှန်နဲ့ တိုင်း ပြည်ရန်ကို စုပေါင်းကာကွယ်ကြဖို့ ဆွေး နွေးခဲ့ပါတယ်။ ပြည်သူကို ကျွန်တော်တို့ နိုင်ငံရဲ့အားကိုးသင့်တဲ့ပါတီဟာ ပြည်ခိုင် ဖြိုးပါတီပါ။ ဒါကြောင့် ပူးပေါင်းပါဝင်ပြီး လိုအပ်ချက်များ ဝိုင်းဝန်းပြုပြင်ပေးကြ ပါ။ ပြည်ခိုင်ဖြိုးပါတီသည် အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်နေလို့ ဘယ် တော့မှ အမျိုးသားရေးကို သစ္စာမဖောက် ဘူးဆိုတာ အသိပေးချင်ပါတယ်။
မမိုးစက်ပွင့်
(တမူးမြို့နယ်)
——————
ကျွန်မတို့လူငယ်တွေအနေနဲ့အသိဥာဏ်စွမ်းအားများ ဘယ်လောက်ထိမြင့် မားနေပြီး ဘာတွေကိုဆက်လက်သင်ယူ ရဦးမယ်။ စုပေါင်းလုပ်ရတဲ့အလုပ်ဟာ ဘယ်လိုအောင်မြင်မှုရှိတယ်ဆိုတာ သိ လာရပါတယ်။ အရင်က ဒီလိုမျိုးအဖွဲ့ အစည်း လူအများနဲ့ မဆက်ဆံခဲ့ရပါဘူး။ အခုတော့ လူအများနဲ့ရင်းရင်းနှီးနှီးအမြင် ချင်းဖလှယ်ရလို့ ကျေနပ်မိပါတယ်။ အတွေ့အကြုံအသစ်တွေ ဗဟုသုတတွေ ရရှိခဲ့ပါတယ်။
လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးလှုပ်ရှားမှုအကြောင်း ဆွေး နွေးခဲ့ပါတယ်။ ပြည်သူကိုအသိပေးချင် တာကတော့ ပြည်ခိုင်ဖြိုးပါတီသည် အား ကိုးယုံကြည်ထိုက်တဲ့အဖွဲ့အစည်းပါလို့ ပြောချင်ပါတယ်။ အထင်ရှားဆုံးသာဓက ကိုပြောရရင် ရခိုင်အရေးကိစ္စကိုကြည့်ရင် သိနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အစိုးရ အဖွဲ့ ဖွဲ့နိုင်တဲ့အချိန်နဲ့ ယခုအခြေအနေ နှိုင်းယှဉ်ကြည့်ရင်သိနိုင်ပါတယ်။ လူငယ် တွေအနေနဲ့လည်းပျော်ပွဲရွှင်ပွဲတွေမှာအချိန် အကုန်မခံဘဲ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါ။ သမီးတို့နဲ့ အတူ နိုင်ငံကာကွယ်ရေးလုပ်ငန်းများ၊ စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးရေးများမှာ ပူး ပေါင်းပါဝင်ကြပါလို့အသိပေးလိုပါတယ်။
ကိုဟင်ခိုငမ်
(လေရှီးမြို့နယ်)
———————
ဒေသအသီးသီးက လာတဲ့လူငယ် မောင်မယ်တွေရဲ့အမြင် ဖွင့်တဲ့ပုံစံတွေ၊ လုပ်ဆောင်သင့်တဲ့အချက်တွေ၊ တက်ကြွ မှုတွေ မြင်တွေ့ကြားသိရပြီး နိုင်ငံကို ချစ်တဲ့လူငယ်တွေ ဒီလောက်ရှိမှန်းမသိခဲ့ ရပါဘူး။ ယခုနှီးနှောဖလှယ်ပွဲကသူငယ် ချင်းတွေနဲ့တွေ့ရမှ ကျွန်တော်တို့တွေ အားတက်ပျော်ရွှင်မိပါတယ်။ အခုလို တက်တက်ကြွကြွပါဝင်လိမ့်မယ်လို့လည်း မထင်မိပါဘူး။ အခုတော့ အနာဂတ် အတွက် ယုံကြည်အားတက်မိပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အောင်မြင်တော့ မယ်ဆိုတာသေချာနေပါပြီလို့ပြောချင်ပါ တယ်။ ပြည်သူကို ပြောချင်တာကတော့ အလှမ်းဝေးသည် ဖြစ်စေ၊ နီးသည်ဖြစ်စေ ကိုယ်ရှိတဲ့နေရာမှာ ထိုင်မနေသင့်၊ အိပ်မ နေသင့်တော့ပါဘူးလို့ပြောချင်ပါတယ်။
မဖြူဖွေး
(ဗန်းမောက်မြို့နယ်)
————————–
စုပေါင်းလုပ်ဆောင်၊ စုပေါင်းဆောင် ရွက်၊ စုပေါင်းတိုင်ပင်တဲ့အခါဘယ်အရာမှ ခက်ခဲတယ်ဆိုတာ မရှိဘူးဆိုတဲ့ အတွေ့ အကြုံများရရှိပါတယ်။ ဒီနေ့ပွဲလို လူငယ် တွေပျော်ရွှင်စွာ စည်းစည်းရုံးရုံး နိုင်ငံနှင့် လူမျိုးအကျိုး အတူတကွဆောင်ရွက်ကြ မယ်ဆိုရင် သမီးတို့ရဲ့မျိုးဆက်သစ်တွေ လက်ထဲမှာ ပြည်ထောင်စုကြီးမပြိုကွဲပဲ အချုပ်အခြာအာဏာတည်မြဲ နေမယ်ဆို တာ ယုံကြည်မိပါတယ်။ စည်းလုံးခြင်း သည်အင်အားတရပ်ဖြစ်တယ်ဆိုတာလည်း တွေ့ကြုံခဲ့ရပါတယ်။
သမီးတို့လို လူငယ်တွေအတွက် နိုင်ငံ ရေးလမ်းကြောင်းပေါ်တက်လှမ်းတဲ့အခါမှာ ပကတိနိုင်ငံရဲ့အခြေအနေသမိုင်းအချက် အလက်အမှန်တွေနဲ့ ကမ္ဘာ့အခြေအနေ တွေကိုသိထားပြီး ပြည်ခိုင်ဖြိုးပါတီကဲ့သို့ အမျိုးသားနိုင်ငံရေးအဓိက လုပ်ဆောင် နေတဲ့ပါတီမျိုးမှာ ဝန်းရံရင် နိုင်ငံအတွက် အကျိုးရှိမယ်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံအတွက် အရေးကြီးလိုအပ်နေတဲ့ အမျိုးသားရေးအင်အားစုကြီး တစ်ခုဖြစ် တယ်ဆိုတာ သမီးတို့လူငယ်ထုနဲ့ ပြည်သူ ကို သိစေချင်ပါတယ်ရှင်။

သုတ