ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ဆိုတဲ့ နှစ်ဟောင်းကာလကိုဖြတ်ကျော်၊ ကုန်ဆုံးစေပြီး ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကို စတင်ချဉ်းနင်းဝင်ရောက်တဲ့နေ့ဖြစ်ပါတယ်။

ဒီေန႔ဟာ ျမန္မာသကၠရာဇ္ ၁၃၈၅ ဆိုတဲ့ ႏွစ္ေဟာင္းကာလကိုျဖတ္ေက်ာ္၊ ကုန္ဆုံးေစၿပီး ၁၃၈၆ ခုႏွစ္၊ ႏွစ္သစ္ကို စတင္ခ်ဥ္းနင္းဝင္ေရာက္တဲ့ေန႔ျဖစ္ပါတယ္။
အတိတ္ကာလရဲ့ အေဟာင္းေတြ၊
ကုန္ဆုံးလြန္ေျမာက္၊ အေတြးသစ္၊ အျမင္သစ္၊ ေျခလွမ္းသစ္ေတြနဲ႔ စည္းလုံးညီညႊတ္၊ စြမ္းအားရွိေသာနိုင္ငံေရးပါတီတစ္ခုအျဖစ္ အစျပဳၾကရ‌င္းႏွစ္သစ္ကိုႀကိဳဆိုရမွာျဖစ္ပါတယ္။
ႏွစ္ေဟာင္းကာလမွာ ေတြ႕ဆုံျဖတ္သန္းခဲ့ရတဲ့ မေအာင္ျမင္မႈ၊ ေႏွးေကြးေလးလံမႈ၊ သဟဇာတမျဖစ္မႈ၊ ခ်ိဳ႕ယြင္းအားနည္းမႈ စတာေတြကို ေက်ာခိုင္းစြန္႔ခြါရင္း၊ သင္ခန္းစာယူ၊ သုံးသပ္ေဖာ္ထုတ္ကာ ပါတီရဲ့ ေရရွည္/ ေရတိုရည္မွန္းခ်က္ေတြထိေရာက္ေအာင္ျမင္ေစဖို႔တာဝန္ရွိသူအဆင့္ဆင့္က အထူးအေလးထားေဆာင္ရြက္ရင္း လက္ဆုပ္လက္ကိုင္ျပနိုင္တဲ့ ရလဒ္ေကာင္းေတြကို ဖန္တီးပုံေဖာ္နိုင္ၾကပါရန္အေလးအနက္ထား တိုက္တြန္းအပ္ပါေၾကာင္း။
ႏွစ္သစ္မွာ နိုင္ငံသူ/ သားမ်ား၊ ပါတီ/ မိသားစုေတြဝင္အားလုံး စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာ၍ လိုအင္ဆႏၵျပည့္ဝ၊ ေအးခ်မ္းေအာင္ျမင္နိုင္ၾကပါေစ။
“ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ႀကီးအဓြန္႔ရွည္တည္တံ့ခိုင္ျမဲပါေစ“
ဦးခင္ရီ
ဥကၠ႒
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ
၁၃၈၆ ခုနစ္၊ တန္ခူးလဆန္း ၉ ရက္၊ ၀၉၃၀ နာရီ

======

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ဆိုတဲ့ နှစ်ဟောင်းကာလကိုဖြတ်ကျော်၊ ကုန်ဆုံးစေပြီး ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကို စတင်ချဉ်းနင်းဝင်ရောက်တဲ့နေ့ဖြစ်ပါတယ်။
အတိတ်ကာလရဲ့ အဟောင်းတွေ၊
ကုန်ဆုံးလွန်မြောက်၊ အတွေးသစ်၊ အမြင်သစ်၊ ခြေလှမ်းသစ်တွေနဲ့ စည်းလုံးညီညွှတ်၊ စွမ်းအားရှိသောနိုင်ငံရေးပါတီတစ်ခုအဖြစ် အစပြုကြရ‌င်းနှစ်သစ်ကိုကြိုဆိုရမှာဖြစ်ပါတယ်။
နှစ်ဟောင်းကာလမှာ တွေ့ဆုံဖြတ်သန်းခဲ့ရတဲ့ မအောင်မြင်မှု၊ နှေးကွေးလေးလံမှု၊ သဟဇာတမဖြစ်မှု၊ ချို့ယွင်းအားနည်းမှု စတာတွေကို ကျောခိုင်းစွန့်ခွါရင်း၊ သင်ခန်းစာယူ၊ သုံးသပ်ဖော်ထုတ်ကာ ပါတီရဲ့ ရေရှည်/ ရေတိုရည်မှန်းချက်တွေထိရောက်အောင်မြင်စေဖို့တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထားဆောင်ရွက်ရင်း လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်ကောင်းတွေကို ဖန်တီးပုံဖော်နိုင်ကြပါရန်အလေးအနက်ထား တိုက်တွန်းအပ်ပါကြောင်း။
နှစ်သစ်မှာ နိုင်ငံသူ/ သားများ၊ ပါတီ/ မိသားစုတွေဝင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒပြည့်ဝ၊ အေးချမ်းအောင်မြင်နိုင်ကြပါစေ။
“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ“
ဦးခင်ရီ
ဥက္ကဋ္ဌ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၃၈၆ ခုနစ်၊ တန်ခူးလဆန်း ၉ ရက်၊ ၀၉၃၀ နာရီ