မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

 

မြို့သစ် ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး မွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်သူက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများနှင့်ပါတီအောင် နိုင်ရေးတို့ကို သင်တန်းပို့ချပြီး ကော်မတီဝင် ဦးကျော်ဌေးက ပါတီသမိုင်းနှင့် ဆောင်ရွက်ချက် များ၊ မြို့နယ်ကော်မတီဝင်ဦးစိုးလှိုင် က ပုံနှိပ်သတင်းမီဒီယာအကြောင်း နှင့် နိုင်ငံအကျိုးဖော်ဆောင်နိုင်ရေး၊ ပါတီကော်မတီဝင် ဦးမျိုးညွန့်က လူထုစကားပြောနည်း ဘာသာရပ် ကိုလည်းကောင်း၊မြို့နယ်ကော်မတီ ဦးကြည်စိုးကလည်း ပါတီအောင် နိုင်ရေးဆောင်ရွက်ချက်များ၊ ပါတီ အတွင်းရေးမှူး ဦးချစ်သိန်းက လည်း မဲရုံစောင့် မဲရုံကိုယ်စားလှယ် များ ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားနှင့် ဆောင်ရန်၊ ရှောင်ရန် ဥပဒေများအကြောင်း သင်တန်း ပို့ချပေးခဲ့ကြောင်းနှင့် သင်တန်း ဆင်းပွဲအခမ်းအနားတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်သူနှင့် မကွေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်တို့က စည်းရုံးရေး စကားပြောဆိုင်ရာ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား များအား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မကွေးခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်သူ၊ အတွင်းရေး မှူးဦးချစ်သိန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ သင်တန်းသား များ တက်ရောက်ကြပြီး မွန်းလွဲ ၃ နာရီတွင် အခမ်းအနားပြီးမြောက် ကြောင်းနှင့် အဆိုပါသင်တန်းကို ယမန်နေ့မှ ယနေ့အထိ သင်တန်း သား ၅၂ ဦးဖြင့် ကျင်းပခြင်းဖြစ် ကြောင်းသိရသည်။

လှိုင်ဘွား(မြို့သစ်)