တ႐ုတ္က တတိယေျမာက္ ေလယာဥ္တင္သေဘၤာကိုစမ္းသပ္ခုတ္ေမာင္း

တ႐ုတ္နိုင္ငံဟာ ၎ရဲ့ တတိယေျမာက္နဲ႔ ေခတ္မီဆန္းျပားဆုံး ေလယာဥ္တင္သေဘၤာ Fujian ကို ဗုဒၶဟူးေန႔မွာ ပင္လယ္ျပင္စမ္းသပ္ခုတ္ေမာင္းမႈ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
၂၀၂၂ ခုႏွစ္မွာ ေလယာဥ္တင္ သေဘၤာကို ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ ၂ ႏွစ္နီးပါးအၾကာမွာ တ႐ုတ္ေရတပ္က အခုလို ကနဦးစမ္းသပ္ခုတ္ေမာင္းမႈလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
ျပည္တြင္းမွာပဲ လုံးလုံး လ်ားလ်ား အေျခတည္ တည္ေဆာက္ခဲ့တဲ့ Fujian ဟာ ၂၀၁၉ ခုႏွစ္မွာ တပ္ေတာ္ဝင္ခဲ့တဲ့ Shandong၊ ၁၉၉၈ ခုႏွစ္က ယူကရိန္းထံကေန တစ္ပတ္ရစ္အျဖစ္ ဝယ္ယူတည္ေဆာက္ခဲ့တဲ့ Liaoning ေလယာဥ္တင္သေဘၤာႏွစ္စင္းလုံးထက္ နည္းပညာနဲ႔ အရြယ္အစားပိုင္းမွာ သာလြန္တယ္လို႔ သိရပါတယ္။
Fujian ကို ရွန္ဟိုင္းရွိ သေဘၤာက်င္းကေန (ေမ ၁) မနက္ ၈ နာရီမထိုးခင္ေလာက္မွာ ပင္လယ္ျပင္ စမ္းသပ္ခုတ္ေမာင္းခရီးစတင္ခဲ့တာျဖစ္တယ္လို႔ စီစီတီဗီသတင္း႒ာနက ေဖာ္ျပခဲ့ပါတယ္။
ဂ်က္ေလယာဥ္ေတြအတြက္ Catapult-launch ပ်ံသန္းစနစ္တစ္ခုနဲ႔အတူ ျပန႔္ျပဴးတဲ့ ေလယာဥ္ပ်ံသန္းရာကုန္းပတ္ပါဝင္ပါတယ္။ Fujian ဟာ တ႐ုတ္ျပည္နယ္တစ္ခုကို အစြဲျပဳအမည္ေပးထားတာျဖစ္ၿပီး ယင္းျပည္နယ္ဟာ ဒီမိုကရက္တစ္ ထိုင္ဝမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ တည္ရွိတာျဖစ္ပါတယ္။ ရွန္ဟိုင္းရဲ့ က်င္းနန္သေဘၤာက်င္းမွာ ရွိေနစဥ္ကတည္းက Fujian ကို က်ယ္ျပန႔္တဲ့စမ္းသပ္မႈေတြလုပ္ထားခဲ့ၿပီးျဖစ္ပါတယ္။
ပင္လယ္ျပင္စမ္းသပ္ခုတ္ေမာင္းျခင္းဟာ သေဘၤာကို တ႐ုတ္ေရတပ္မေတာ္သို႔ တရားဝင္ တပ္ေတာ္ဝင္ျခင္းမျပဳမီ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈတစ္ခုျဖစ္ပါတယ္။
Ref: TOI

=========

တရုတ်က တတိယမြောက် လေယာဉ်တင်သင်္ဘောကိုစမ်းသပ်ခုတ်မောင်း

တရုတ်နိုင်ငံဟာ ၎င်းရဲ့ တတိယမြောက်နဲ့ ခေတ်မီဆန်းပြားဆုံး လေယာဉ်တင်သင်္ဘော Fujian ကို ဗုဒ္ဓဟူးနေ့မှာ ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ လေယာဉ်တင် သင်္ဘောကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာမှာ တရုတ်ရေတပ်က အခုလို ကနဦးစမ်းသပ်ခုတ်မောင်းမှုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းမှာပဲ လုံးလုံး လျားလျား အခြေတည် တည်ဆောက်ခဲ့တဲ့ Fujian ဟာ ၂၀၁၉ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တဲ့ Shandong၊ ၁၉၉၈ ခုနှစ်က ယူကရိန်းထံကနေ တစ်ပတ်ရစ်အဖြစ် ဝယ်ယူတည်ဆောက်ခဲ့တဲ့ Liaoning လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးထက် နည်းပညာနဲ့ အရွယ်အစားပိုင်းမှာ သာလွန်တယ်လို့ သိရပါတယ်။
Fujian ကို ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ (မေ ၁) မနက် ၈ နာရီမထိုးခင်လောက်မှာ ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းခရီးစတင်ခဲ့တာဖြစ်တယ်လို့ စီစီတီဗီသတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။
ဂျက်လေယာဉ်တွေအတွက် Catapult-launch ပျံသန်းစနစ်တစ်ခုနဲ့အတူ ပြန့်ပြူးတဲ့ လေယာဉ်ပျံသန်းရာကုန်းပတ်ပါဝင်ပါတယ်။ Fujian ဟာ တရုတ်ပြည်နယ်တစ်ခုကို အစွဲပြုအမည်ပေးထားတာဖြစ်ပြီး ယင်းပြည်နယ်ဟာ ဒီမိုကရက်တစ် ထိုင်ဝမ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့ ကျင်းနန်သင်္ဘောကျင်းမှာ ရှိနေစဉ်ကတည်းက Fujian ကို ကျယ်ပြန့်တဲ့စမ်းသပ်မှုတွေလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။
ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းခြင်းဟာ သင်္ဘောကို တရုတ်ရေတပ်မတော်သို့ တရားဝင် တပ်တော်ဝင်ခြင်းမပြုမီ နောက်ဆုံးအဆင့် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။
Ref: TOI