တ႐ုတ္မွာ AI စက္႐ုပ္ေတြနဲ႔ လယ္ယာစိုက္ပ်ိဳးေရး ျပဳလုပ္ေန

တ႐ုတ္ဟာ AI နည္းပညာမွာ ေရွ႕တန္းက ေျပးေနပါတယ္။ တ႐ုတ္ နိုင္ငံ ရွန္ဟိုင္းမွ Diantian Farm လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမွာ AI စက္႐ုပ္ေတြနဲ႔ လယ္ယာစိုက္ပ်ိဳးေရး ျပဳလုပ္ေနပါတယ္။
အင္ဂ်င္နီယာ ၇၀ ေက်ာ္က အဲဒီ လယ္ယာစိုက္ပ်ိဳးေရး AI စက္႐ုပ္ေတြကို အခ်ိန္ ၇ ႏွစ္ေက်ာ္ အခ်ိန္ယူကာ တီထြင္ထားတာ ျဖစ္ပါတယ္။ စက္႐ုပ္ အမ်ိဳးအစားေပါင္း ၆၀ ေက်ာ္ဟာ အဲဒီမွာ အလုပ္လုပ္ေနၾကပါတယ္။ အဆင့္ျမင့္ AI နည္းပညာ ထည့္သြင္းထားၿပီး စက္႐ုပ္ဟာ ေကာက္ပဲသီးႏွံလား၊ မလိုလားအပ္တဲ့ ေပါင္းပင္ေတြလားဆိုတာ တိက်စြာ ခြဲျခားနိုင္ၿပီး ေပါင္းသင္ေပးနိုင္ပါတယ္။
5G, Image Recognition နဲ႔ Big Data တို႔လို နည္းပညာေတြ ထည့္သြင္းထားၿပီး လယ္သမားေတြဟာ စမတ္ဖုန္းကို အသုံးျပဳကာ စက္႐ုပ္ေတြကို အလုပ္လုပ္ခိုင္းနိုင္ပါတယ္။ စက္႐ုပ္ေတြက ေကာက္ပဲသီးႏွံေတြကို ထြန္ယက္စိုက္ပ်ိဳးတာ ကေန ရိတ္သိမ္းတာအထိ လုပ္နိုင္ၾကပါတယ္။ ဆုံးျဖတ္ခ်က္‌ေတြ ခ်နိုင္ၿပီး မညီညာတဲ့ လယ္ယာေျမမွာ အလိုအေလၽွာက္သြားလာနိုင္ပါတယ္။
Ref : theverge

=========

တရုတ်မှာ AI စက်ရုပ်တွေနဲ့ လယ်ယာစိုက်ပျိုးရေး ပြုလုပ်နေ

တရုတ်ဟာ AI နည်းပညာမှာ ရှေ့တန်းက ပြေးနေပါတယ်။ တရုတ် နိုင်ငံ ရှန်ဟိုင်းမှ Diantian Farm လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ AI စက်ရုပ်တွေနဲ့ လယ်ယာစိုက်ပျိုးရေး ပြုလုပ်နေပါတယ်။
အင်ဂျင်နီယာ ၇၀ ကျော်က အဲဒီ လယ်ယာစိုက်ပျိုးရေး AI စက်ရုပ်တွေကို အချိန် ၇ နှစ်ကျော် အချိန်ယူကာ တီထွင်ထားတာ ဖြစ်ပါတယ်။ စက်ရုပ် အမျိုးအစားပေါင်း ၆၀ ကျော်ဟာ အဲဒီမှာ အလုပ်လုပ်နေကြပါတယ်။ အဆင့်မြင့် AI နည်းပညာ ထည့်သွင်းထားပြီး စက်ရုပ်ဟာ ကောက်ပဲသီးနှံလား၊ မလိုလားအပ်တဲ့ ပေါင်းပင်တွေလားဆိုတာ တိကျစွာ ခွဲခြားနိုင်ပြီး ပေါင်းသင်ပေးနိုင်ပါတယ်။
5G, Image Recognition နဲ့ Big Data တို့လို နည်းပညာတွေ ထည့်သွင်းထားပြီး လယ်သမားတွေဟာ စမတ်ဖုန်းကို အသုံးပြုကာ စက်ရုပ်တွေကို အလုပ်လုပ်ခိုင်းနိုင်ပါတယ်။ စက်ရုပ်တွေက ကောက်ပဲသီးနှံတွေကို ထွန်ယက်စိုက်ပျိုးတာ ကနေ ရိတ်သိမ်းတာအထိ လုပ်နိုင်ကြပါတယ်။ ဆုံးဖြတ်ချက်‌တွေ ချနိုင်ပြီး မညီညာတဲ့ လယ်ယာမြေမှာ အလိုအလျှောက်သွားလာနိုင်ပါတယ်။
Ref : theverge