ဖိုဒန္က လက္ရွိ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံး ကစားသမားပဲလို႔ ခ်ီးက်ဴးလိုက္တဲ့ ဂြါဒီယိုလာ

မတ္ ၄

ကြင္းလယ္ကစားသမားဖိုဒမ္ဟာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးကစားသမား ျဖစ္လာၿပီလို႔ မန္စီးတီး နည္းၿပ ဂြါဒီယိုလာက ခ်ီးက်ဴးေျပာသြားပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္(၂၇)အျဖစ္ မေန႔ည ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာ ဖိုဒမ္က ေျခစြမ္းျပၿပီး ေခ်ပဂိုးနဲ႔ အနိုင္ဂိုးေတြ သြင္းယူနိုင္ခဲ့ၿပီး ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အိမ္ရွင္ မန္စီးတီးအသင္းက မန္ယူအသင္းကို ၃-၁ ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။

ဂြါဒီယိုလာက- ”ဖီးလ္ ဖိုဒန္က ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံး ကစားသမားပါပဲ၊ ဘယ္ကစားသမားကမွ က်ေနာ္တို႔ အသင္းအတြက္ သူ႔ေလာက္ အဆုံးအျဖတ္ ကစားသမားမျဖစ္ဘူး၊ မယုံၾကည္နိုင္စရာပါပဲ” လို႔ ပြဲအၿပီးမွာေတာ့ ဖိုဒမ္ရဲ့ေျခစြမ္းဟာ ကမၻာ့အဆင့္ျဖစ္လာၿပီလို႔ ခ်ီးက်ဴးေျပာၾကားသြားပါတယ္။

အသက္၂၃ႏွစ္ရွိ ဖိုဒန္ဟာ ဒီရာသီမွာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံမွာ 18 goals သြင္းၿပီး 10 assists ဖန္တီးမႈ လုပ္ထားခဲ့ၿပီး အေကာင္းဆုံးပုံစံကို ျပသေနပါတယ္။

==========

ဖိုဒန်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပဲလို့ ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

မတ် ၄

ကွင်းလယ်ကစားသမားဖိုဒမ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်လာပြီလို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ချီးကျူးပြောသွားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အဖြစ် မနေ့ည ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဖိုဒမ်က ခြေစွမ်းပြပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ အိမ်ရှင် မန်စီးတီးအသင်းက မန်ယူအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂွါဒီယိုလာက- ”ဖီးလ် ဖိုဒန်က ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ၊ ဘယ်ကစားသမားကမှ ကျနော်တို့ အသင်းအတွက် သူ့လောက် အဆုံးအဖြတ် ကစားသမားမဖြစ်ဘူး၊ မယုံကြည်နိုင်စရာပါပဲ” လို့ ပွဲအပြီးမှာတော့ ဖိုဒမ်ရဲ့ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ဖြစ်လာပြီလို့ ချီးကျူးပြောကြားသွားပါတယ်။

အသက်၂၃နှစ်ရှိ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံမှာ 18 goals သွင်းပြီး 10 assists ဖန်တီးမှု လုပ်ထားခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသနေပါတယ်။