အာဂျင်တီးနားရဲ့ အဆိုးဆုံးအရှုံးအတွက် မက်ဆီ စိတ်ပျက်နေ

အာဂျင်တီးနားအသင်းဟာ စပိန်ကို ၆-၁ နဲ့ ဆိုးရွားစွာရှုံးခဲ့တဲ့အတွက် အဓိက တိုက်စစ်မှူး မက်ဆီဟာ ပွဲမပြီးခင်ကတည်းက ထပြန်သွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ တံကောက်ကြောဒဏ်ရာပြဿနာ ရှိနေတာကြောင့် ဒီပွဲမှာ မပါခဲ့ဘဲ အထူးဧည့်သည်နေရာကနေသာ ကြည့်ခဲ့ရတာပါ။ ပွဲချိန် ၇၄ မိနစ်မှာ အစ္စကိုက သူ့ရဲ့ဟက်ထရစ်နဲ့ စပိန်အတွက် ၆ ဂိုးမြောက်ကို သင်းယူပြီး ချိန်မှာတော့ မက်ဆီဟာ စိတ်ပျက်ပြီး သူ့နေရာကနေ ထထွက်သွားခဲ့တာပါ။

ဒီအရှုံးဟာ အာဂျင်တီးနားအသင်းသမိုင်းမှာ အဆိုးဆုံးအရှုံး မှတ်တမ်းဟောင်းကို လိုက်မီသွားခဲ့တာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ၁၉၅၈ ကမ္ဘာ့ဖလားမှာ ချက်ကိုစလိုဗက်ကီးယား၊ ၂၀၁၀ကမ္ဘာ့ဖလားမှာ ဘိုလီးဗီးယားတို့ကို ၆-၁ နဲ့ ရှုံးခဲ့ဘူးပါတယ်။

90minutes