နောက်ကျပင်နယ်တီနှင့် အီတလီကို သရေကျခဲ့ပြီးနောက် VAR စနစ်ကို ဆောက်ဂိတ် မေးခွန်းထုတ်

အင်္ဂလန်အသင်းမှာ အီတလီကိုအငြင်းပွားဖွယ်ရာနောက်ကျပင်နယ်တီကြောင့်သရေကျခဲ့သောပွဲအပြီးအတွင် VAR(ဗီဒီယိုအကူဒိုင်လူကြီး) စနစ်ကို မေးခွန်းထုတ်သွားခဲ့သည်။

အင်္ဂလန်အသင်းမှာ ပွဲချိန် ၂၆မိနစ်တွင် ဗာဒီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၈၇မိနစ်တွင် အငြင်းပွားဖွယ်ရာ ပင်နယ်တီကြောင့် အိမ်ကွင်းတွင် နိုင်ပွဲနှင့်ဝေးခဲ့ရသည်။

အဆိုပါပင်နယ်တီမှာ အင်္ဂလန်နောက်ခံလူထရာကောစကီးက ပင်နယ်တီဧရိယာထဲစွဲဝင်လာသည့် ချီဆာကို တက်နင်းလိုက်သလိုဖြစ်ခဲ့ပြီး လဲကျသွားခဲ့ခြင်းကို ကွင်းလယ်ဒိုင်က VAR အကူအညီဖြင့် ပင်နယ်တီ သတ်မှတ် ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့်နိုင်ပွဲနှင့်ဝေးခဲ့ရပြီး ၀င်ဘာလေကွင်းတွင် ပထမဆုံးအကြိမ်အဖြစ် သုံးပွဲဆက် သရေကျခဲ့ခြင်း အပေါ်တွင် ဆောက်ဂိတ်တစ်ယောက် မပျော်မရွှင်ဖြစ်နေပြီး VAR စနစ်မှာ လက်ထိဘောများ၊ အခြားသော် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များကို ကူညီဖြေရှင်းရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ပြောသွားခဲ့သည်။

သို့သော်လည်း VAR အကူအညီဖြင့်ရုပ်/သံ အနှေးပြကွင်တွင် ထရာကောစကီးမှာ ချိဆာ၏ ခြေထောက်ကို သိသိသာသာ တင်နင်းခဲ့ခြင်းကြောင့် လဲကျသွားခဲ့ခြင်းမှာ ထင်ထင်ရှားရှား ပေါ်လွင်နေခဲ့သည်။

-Ref; Sky sports