မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမယ့်ဧပြီလ ၈ ရက်မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာ လက်ဝှေ့ရုံမှာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး ကျင်းပဖို့ ရှိနေပါတယ်။

MMTS Company နဲ့ H & S Group ကစီစဉ်တဲ့ 50 Media Lethwei Fight အဲဒီပွဲကို ပြီးခဲ့တဲ့ဇန်န၀ါရီလက မန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့အတိုင်း ခမ်းနားစွာကျင်းပမှာဖြစ်ပြီး 50 Media Channal မှ facebook Live ထုတ်လွှင့်ပေးသွားဖို့ရှိတယ်လို့ H & S Group မှ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။

လက်ဝှေ့စိန်ခေါ်ပွဲတွေအနေနဲ့ စိုးလင်ဦး(မြန်မာ၊ ဒို့ရိုးရာ)နဲ့ Payak Samui (Thai Fight)၊ ရဲသွေးနီ(မြန်မာ၊ တောင်ကလေး)နဲ့ Wan Fit (Thai)၊ ကရင်လေး(မြန်မာ)နဲ့ Bandar Sat (Thai) ပွဲအပါအ၀င် ဒေါင်းဖြူလေး(Adventure)နဲ့ ကျော်နိုင် (တိုက်ဂါး)၊ သွေးသစ်မောင် (အဖြူရောင် သွေးသစ်)နဲ့ ကျော်ဇင်လတ်(ရွှေသထုံ)၊ ကျော်လင်းထူး(ရွှေသထုံ)နဲ့ ထွန်းတောက်ကြယ် (မုဒုံစတား)၊ သိန်းစိုး(အဖြူရောင် သွေးသစ်)နဲ့ အောင်နေထူး(ဒို့ရိုးရာ) တို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

“စိုးလင်းဦးနဲ့ Payak Samui တို့ ရေးမြို့နဲ့ ၀င်းစိန်ဆရာတော်ပွဲမှာ ၂ ကြိမ်ဆုံဖူးတယ်။ ရေးပွဲမှာ စိုးလင်းဦးက အမှတ်စဉ်အရေခံရတယ်၊ သရေဖြစ်တယ်။ ၀င်းစိန်ပွဲမှာ Payak Samui က အနားတောင်းခဲ့ရတယ်။ သရေဖြစ်ခဲ့တယ်၊ အကြိတ်အနယ်ရှိမယ့်ပွဲပါ။ ရန်ကုန်ပရိတ်သတ်တွေ လည်း ကြည့်ချင်ကြတဲ့အတွက် သူတို့ နှစ်ယောက်ကို တတိယအကြိမ်စီစဉ်ဖြစ်ခဲ့တာ၊ ကရင်လေး ဆိုရင်လည်း ထိုင်းပွဲတွေမှာ နာမည်ကြီးတယ်ပေါ့။ မနှစ်ကစပြီးတော့ မြန်မာပြည်ပြန်ခေါ်ပြီးတော့ နေရာပေးတဲ့သဘောပါ။ ရန်ကုန်မှာ ပွဲမဖြစ်တာ ၃ လရှိသွားပြီဖြစ်လို့ ၄ လမြောက် သင်္ကြန် မတိုင်ခင်ပြန်လုပ်တာပါ”လို့ ဦးစိုင်းဇော်ဇော်က ဒီဗွီဘီကိုပြောပါတယ်။

လက်ဝှေ့ဝါသနာရှင်တွေအားလုံးကြည့်ရှုနိုင်ရေးအတွက် ရုံဝင်လက်မှတ်ခတွေကိုလည်း အနိမ့်ဆုံး ၅၀၀၀ ကျပ် အထိ လျှော့ချပေးထားပါတယ်။ 

(DVB)