ပိုင်ရှင်ပြောင်းလိုက်မှ ငရဲထဲကျသွားဖို့ ရှိနေတဲ့ မန်ယူ

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စည်းမျဉ်းတစ်ခု ပြောင်းလဲဖို့ စီစဉ်နေပါတယ်တဲ့။ အဲ့ဒီစည်းမျဉ်းသာ အသက်ဝင်သွားခဲ့ရင် ပထမဆုံး အထိနာနိုင်တာက မန်ယူပါပဲ။ ပိုင်ရှင်တူညီတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းကို ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်မပြုဆိုတဲ့ ဥပဒေကို ယူအီးအက်ဖ်အေက ပြဌာန်းဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ မန်ယူက ဘာလို့ ဒီဥပဒေနဲ့ ငြိစွန်းနိုင်တာလဲဆိုတော့ မန်ယူကို ဝယ်ယူဖို့ ကမ်းလှမ်းနေတဲ့ ပိုင်ရှင်တွေဟာ ပြင်သစ်ကလပ်တွေနဲ့ ဆက်နွှယ်မှုရှိနေလို့ ဖြစ်ပါသတဲ့။ ဒီတော့ အဲ့ဒီပြင်သစ်ကလပ်တွေကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မန်ယူကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရတွေ ဖြစ်လာခဲ့ရင် အကုန်လုံးဇာတ်ရှုပ်ကုန်ပါလိမ့်မယ်။ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင် ကတော့ အခုစီစဉ်နေတဲ့ ဥပဒေစည်းမျဉ်းသစ်ကို ပြဌာန်းဖြစ်နိုင်ပါတယ်လို့ ပြောထားတာမို့ အခြေအနေက စောင့်ကြည့်ချင်စရာပါပဲ။ မန်ယူကို လက်လွှဲရောင်းချမယ့်ဇာတ်လမ်းကလည်း အခုအချိန်ထိ သပွတ်အူလို ရှုပ်ထွေးပွေလီနေဆဲပဲဖြစ်ပါတယ်။ #Shwesports