ကမၻာ့အပူဆုံးၿမိဳ႕ (၁၅) ၿမိဳ႕တြင္ ျမန္မာနိုင္ငံမွ ေခ်ာက္ၿမိဳ႕ နံပါတ္တစ္ေနရာ၌ ရပ္တည္ေန

ယခုႏွစ္ ကမၻာ့အပူဆုံးၿမိဳ႕ (၁၅) ၿမိဳ႕အနက္ ျမန္မာနိုင္ငံ အလယ္ပိုင္းရွိ ေခ်ာက္ၿမိဳ႕သည္ နံပါတ္တစ္ေနရာတြင္ ရပ္တည္ေနၿပီး မေကြး၊ မင္းဘူး၊ ေညာင္ဦးႏွင့္ စစ္ကိုင္းၿမိဳ႕မ်ားမွာလည္း အပူဆုံးၿမိဳ႕မ်ားစာရင္းတြင္ ပါဝင္ေၾကာင္း Eldorado weather က ထုတ္ျပန္ထားသည္။
Eldorado weather ဆိုသည္မွာ ကမၻာ့ၿမိဳ႕ႀကီးမ်ား၏ ေန႔အလိုက္ အပူခ်ိန္မ်ားကို ေဖာ္ျပေပးလ်က္ရွိသည့္ ဝက္ဘ္ဆိုက္ တစ္ခုျဖစ္သည္။
အဆိုပါ ဝက္ဘ္ဆိုဒ္၏ ယမန္ေန႔ ဧၿပီ (၂၃)ရက္ ေဖာ္ျပခ်က္အရ ျမန္မာနိုင္ငံမွ ေခ်ာက္ၿမိဳ႕သည္ အပူခ်ိန္ ၄၅ ဒႆမ ၈ ဒီဂရီစင္တီဂရိတ္ရွိကာ ကမၻာ့ အပူဆုံးၿမိဳ႕အျဖင့္ ထိပ္ဆုံး၌ ရပ္တည္ေနသည္ဟု ေဖာ္ျပထားသည္။
ထို႔ျပင္ မေကြးၿမိဳ႕သည္ ၄၅ ဒီဂရီစင္တီဂရိတ္ျဖင့္ နံပါတ္ သုံးေနရာတြင္ရွိေနၿပီး မင္းဘူးၿမိဳ႕မွာ ၄၄ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ျဖင့္ နံပါတ္ ခုနစ္ေနရာ၌ ပါဝင္လာသည္။
အလားတူ ေညာင္ဦးၿမိဳ႕သည္ ၄၄ ဒႆမ ၅ ဒီဂရီစင္တီဂရိတ္ျဖင့္ နံပါတ္ (၈) ေနရာ ၌လည္းေကာင္း ၊ စစ္ကိုင္းၿမိဳ႕မွာ ၄၃ ဒႆမ ၈ ဒီဂရီစင္တီဂရိတ္ျဖင့္ နံပါတ္ (၁၅ )ေနရာ၌လည္းေကာင္း ရပ္တည္ေနေၾကာင္း သိရသည္။
အေနာက္ အာဖရိက နိုင္ငံတစ္နိုင္ငံ ျဖစ္တဲ့ Niger ၏ Goure ၊ Diff‌a ႏွင့္ N’Guigmi ၿမိဳ႕မ်ားမွာ အမွတ္စဥ္ ၂၊၃၊၄ ေနရာမ်ားမွာ ရပ္တည္လ်က္ရွိေၾကာင္း သိရသည္။

========

ကမ္ဘာ့အပူဆုံးမြို့ (၁၅) မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့ နံပါတ်တစ်နေရာ၌ ရပ်တည်နေ

ယခုနှစ် ကမ္ဘာ့အပူဆုံးမြို့ (၁၅) မြို့အနက် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ချောက်မြို့သည် နံပါတ်တစ်နေရာတွင် ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့များမှာလည်း အပူဆုံးမြို့များစာရင်းတွင် ပါဝင်ကြောင်း Eldorado weather က ထုတ်ပြန်ထားသည်။
Eldorado weather ဆိုသည်မှာ ကမ္ဘာ့မြို့ကြီးများ၏ နေ့အလိုက် အပူချိန်များကို ဖော်ပြပေးလျက်ရှိသည့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။
အဆိုပါ ဝက်ဘ်ဆိုဒ်၏ ယမန်နေ့ ဧပြီ (၂၃)ရက် ဖော်ပြချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့သည် အပူချိန် ၄၅ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ရှိကာ ကမ္ဘာ့ အပူဆုံးမြို့အဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ဖော်ပြထားသည်။
ထို့ပြင် မကွေးမြို့သည် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် သုံးနေရာတွင်ရှိနေပြီး မင်းဘူးမြို့မှာ ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ခုနစ်နေရာ၌ ပါဝင်လာသည်။
အလားတူ ညောင်ဦးမြို့သည် ၄၄ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၈) နေရာ ၌လည်းကောင်း ၊ စစ်ကိုင်းမြို့မှာ ၄၃ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၁၅ )နေရာ၌လည်းကောင်း ရပ်တည်နေကြောင်း သိရသည်။
အနောက် အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ Niger ၏ Goure ၊ Diff‌a နှင့် N’Guigmi မြို့များမှာ အမှတ်စဉ် ၂၊၃၊၄ နေရာများမှာ ရပ်တည်လျက်ရှိကြောင်း သိရသည်။