မီတာခတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

ပြည်သူ့ဆန္ဒမပါသည့် မီတာခတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့( ဇူလိုင် ၁) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ပုဇွန်တောင် မြို့နယ်တွင် ကျင်းပပြုလုပ်လျက် ရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇူလိုင် ၁ရက်နေ့မှ စတင်ကာ နေအိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံး (စက်မှုလုပ်ငန်းများသုံး) ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ ၂၅ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာမှ တဆင့် ထုတ်ပြန်ခဲ့သည်။ ယင်းသို့ မီတာခတိုးမြှင့်သည့် ကိစ္စသည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည့်အတွက် ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများကပြောသည်။

ဆန္ဒဖော်ထုတ်သူများက ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး ဒို့အရေး စသည့် ၊ ကြွေးကြော်သံများကို ကြွေးကြော်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ပြုလုပ်သည်။ ဆန္ဒဖော်ထုတ်ပွဲကို တရားဝင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မီတာခတိုးမြှင့်ကောက်ခံခြင်းကို မလိုလားသော ပြည်သူများက ပူးပေါင်းပါဝင်ကြ အင်အား လူအင်အား ၁၅၀ ခန့် ပါဝင်ကြောင်း သိရသည်။ news watch