
 

Source: Khaosod

======

သင်္ကြန်အပြီး ကိုဗစ် ပြန်ဖြစ်

ထိုင်း၌ သင်္ကြန်အပြီးတွင်ကိုဗစ် ကူးစက်မှု မြင့်တက်ခဲ့ပြီးနောက် ပြည်သူများ အနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်းချူလာလောင်ကွန်းတက္ကသိုလ်၏ ဆေးပညာဌာနမှ ကထိက ဒေါက်တာ Thira Wonthanarat က တနင်္လာနေ့တွင် သတိပေးပြောကြားထားသည်။
လူနာအချို့အားယခုအခါ ဗန်တီလေတာ အသက်ရှုစက်တပ်ပေးနေရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကျွမ်းကျင်သူ ဒေါက်တာ Manoon Leechawaengwong ကလည်း သင်္ကြန်ပွဲတော်အပြီးတွင် ကိုဗစ် ကူးစက်ခံရသူများ ရုတ်တရက် တိုးလာကြောင်းနှင့် ရောဂါလက္ခဏာရှိသူများအနေဖြင့်ဆရာဝန်နှင့် ပြသရန် အကြံပြုပါကြောင်း ၄င်း၏ လူမူကွန်ယက်တွင် တနင်္ဂနွေနေ့က ရေးသားထားသည်။လူနာတိုးနူန်းကိုတော့မဖော်ပြထားပေ။
Source: Khaosod