Online ပေါ်ကနေ ငွေလိမ်လည်မှု လူ ၅ဝဝ ကျော်ကို ဖမ်း

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အင်တာနက် Online ပေါ်ကနေ ငွေလိမ်လည်မှုများ ကျူးလွန်မှုနဲ့ လန်ဒန်အခြေစိုက် ကုမ္ပဏီတစ်ခုက ဝန်ထမ်း စုစုပေါင်း ၅ဝဝ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီထဲမှာ အစ္စရေးနိုင်ငံသား ၈ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ဝန်ထမ်း ၄၇၄ ဦးပါဝင်ပါတယ်။ ဒီကုမ္ပဏီဟာ ရင်းနှီး မြုပ်နှံမှုနဲ့ပတ်သက်ပြီး သြစတြေးလျနဲ့ တောင်အာဖရိကနိုင်ငံတို့မှာ နေထိုင်သူတွေ အပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေကို လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဒီကုမ္ပဏီကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ Clark Freeport အမေရိကန် လေတပ် စခန်းဟောင်းတည်ရှိရာမှာ အဆောက်အဦးသုံးလုံးမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

-Ref; RFA