Android မွာ ဖုန္း ပိတ္ထားရင္ေတာင္ တည္ေနရာကို ေျခရာခံနိုင္ၿပီ

Android ဖုန္း အခိုးခံရရင္ ခိုးသူက ဖုန္းကို ပိတ္လိုက္တဲ့အတြက္ တည္ေနရာကို ေျခရာခံလို႔ မရေတာ့ပါဘူး။ အခုေတာ့ Google က ဖုန္း ပိတ္ထားရင္ေတာင္ တည္ေနရာကို ေျခရာခံနိုင္တဲ့ Find My Device Network အသစ္ကို ထည့္သြင္းေပးလိုက္ပါတယ္။ အေမရိကန္နဲ႔ ကေနဒါမွာ စတင္ အသုံးျပဳနိုင္ၿပီ ျဖစ္ၿပီး တစ္ကမၻာလုံးမွာ မၾကာခင္ ရရွိမွာပါ။ Android 9 နဲ႔ အထက္ ဖုန္းေတြမွာ ဒီ Feature ကို အသုံးျပဳနိုင္ပါတယ္။
သင့္ ဖုန္းကို ပိတ္ထားရင္ေတာင္ ဖုန္းရဲ့ အစိတ္အပိုင္းတခ်ိဳ႕ဟာ အလုပ္လုပ္ေနမွာ ျဖစ္ၿပီး အနီးအနားက တျခား Android ဖုန္းေတြထံ ဆက္သြယ္ကာ သင့္ ဖုန္း တည္ေနရာကို ျပသေပးမွာ ျဖစ္ပါတယ္။ Find My Device Network မွာ Device ေပါင္း ၁ ဘီလီယမ္ေက်ာ္ ရွိတဲ့အတြက္ သင့္ ဖုန္း တည္ေနရာကို ေျခရာခံရတာ အလြန္လြယ္ကူပါတယ္။
Pixel 8 နဲ႔ Pixel 8 Pro မွာေတာ့ အထူး ဟာ့ဒ္ဝဲေတြ ပါတဲ့အတြက္ ဖုန္း ပိတ္ထားရင္ သို႔မဟုတ္ ဘက္ထရီ အားကုန္သြားရင္ေတာင္ တည္ေနရာကို ေျခရာခံနိုင္ပါတယ္။
Ref : gsmarena

========

Android မှာ ဖုန်း ပိတ်ထားရင်တောင် တည်နေရာကို ခြေရာခံနိုင်ပြီ

Android ဖုန်း အခိုးခံရရင် ခိုးသူက ဖုန်းကို ပိတ်လိုက်တဲ့အတွက် တည်နေရာကို ခြေရာခံလို့ မရတော့ပါဘူး။ အခုတော့ Google က ဖုန်း ပိတ်ထားရင်တောင် တည်နေရာကို ခြေရာခံနိုင်တဲ့ Find My Device Network အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ မကြာခင် ရရှိမှာပါ။ Android 9 နဲ့ အထက် ဖုန်းတွေမှာ ဒီ Feature ကို အသုံးပြုနိုင်ပါတယ်။
သင့် ဖုန်းကို ပိတ်ထားရင်တောင် ဖုန်းရဲ့ အစိတ်အပိုင်းတချို့ဟာ အလုပ်လုပ်နေမှာ ဖြစ်ပြီး အနီးအနားက တခြား Android ဖုန်းတွေထံ ဆက်သွယ်ကာ သင့် ဖုန်း တည်နေရာကို ပြသပေးမှာ ဖြစ်ပါတယ်။ Find My Device Network မှာ Device ပေါင်း ၁ ဘီလီယမ်ကျော် ရှိတဲ့အတွက် သင့် ဖုန်း တည်နေရာကို ခြေရာခံရတာ အလွန်လွယ်ကူပါတယ်။
Pixel 8 နဲ့ Pixel 8 Pro မှာတော့ အထူး ဟာ့ဒ်ဝဲတွေ ပါတဲ့အတွက် ဖုန်း ပိတ်ထားရင် သို့မဟုတ် ဘက်ထရီ အားကုန်သွားရင်တောင် တည်နေရာကို ခြေရာခံနိုင်ပါတယ်။
Ref : gsmarena