ကမၻာ့အေကာင္းဆုံး ေမြထိုင္းကစား သမားစာရင္းဝင္လာတဲ့ ဘေရာ္နီကာ

ဇန္နဝါရီ ၃

ကယန္းတိုင္းရင္းသူ ေမြထိုင္းလက္ေဝွ႕မယ္ ဘေရာ္နီကာဟာ ၂၀၂၃ ခုႏွစ္အတြက္ စူပါဘန္တမ္ဝိတ္တန္း၏ အေကာင္းဆုံးအမ်ိဳးသမီး ေမြထိုင္းကစားသမားအျဖစ္ သတ္မွတ္ခံရေၾကာင္း World Muay Thai Organization ၏ အသိေပးထုတ္ျပန္ခ်က္အရ သိရပါတယ္။

သူမက ကမၻာ့အေကာင္းဆုံး အမ်ိဳးသမီး ေမြထိုင္းကစားသမား ထိပ္တန္း (၁၀)ဦးအနက္ နံပါတ္ (၇) ေနရာ၌ ရပ္တည္နိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

ဘေရာ္နီကာဟာ လက္ရွိ Thai Fight ႏွင့္ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေနေသာ္လည္း စာခ်ဳပ္သက္တမ္းျပည့္ပါက One Championship သို႔ တဆင့္တက္ကာ သြားေရာက္ကစားရန္ ဆႏၵရွိေနၿပီး One ဘက္ကလည္း ေခၚယူရန္ ဆႏၵရွိေနေၾကာင္း လက္ေဝွ႕အသိုင္းအဝိုင္းက သုံးသပ္ေနေၾကာင္း သိရပါတယ္။

==============

ကမ္ဘာ့အကောင်းဆုံး မွေထိုင်းကစား သမားစာရင်းဝင်လာတဲ့ ဘရော်နီကာ

ဇန်နဝါရီ ၃

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်း၏ အကောင်းဆုံးအမျိုးသမီး မွေထိုင်းကစားသမားအဖြစ် သတ်မှတ်ခံရကြောင်း World Muay Thai Organization ၏ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

သူမက ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမား ထိပ်တန်း (၁၀)ဦးအနက် နံပါတ် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဘရော်နီကာဟာ လက်ရှိ Thai Fight နှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေသော်လည်း စာချုပ်သက်တမ်းပြည့်ပါက One Championship သို့ တဆင့်တက်ကာ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ်နေကြောင်း သိရပါတယ်။