ဘရာဇီးဖိုက္တာ ဖီလစ္ပီဘူနက္စ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ဂ်ိဳရႉအာဗန္

ဇန္နဝါရီ ၅

ျမန္မာလူမ်ိဳး ခ်င္းတိုင္းရင္းသား UFC ဖိုက္တာဂ်ိဳရႉအာဗန္ ၎၏ UFC ဖိုက္တာဘ၀ တတိယေျမာက္ပြဲစဥ္အျဖစ္ UFC Fight Night ၿပိဳင္ပြဲတြင္ ဘရာဇီးဖိုက္တာ ဖီလစ္ပီဘူနက္စ္ႏွင့္ ထိုးသတ္သြားရမည္ ျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ိဳရႉအာဗန္သည္ ဖိုက္တာဘဝကို Fury အဖြဲ႕အစည္းႏွင့္ စတင္ခဲ့သူျဖစ္ၿပီး Furyအဖြဲ႕အစည္းက ႀကီးမႉးက်င္းပခဲ့သည့္ Fury Fight ၿပိဳင္ပြဲမ်ားတြင္ ရလဒ္ေကာင္းမ်ား ဆက္တိုက္ရရွိခဲ့ၿပီးေနာက္ ကမၻာ့ထိပ္တန္း ဖိုက္တာအဖြဲ႕အစည္းျဖစ္သည့္ UFC က ေခၚယူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ တတိယေျမာက္ ပြဲစဥ္အျဖစ္ ထိုးသတ္ရမည္ျဖစ္ပါတယ္။

ဂ်ိဳရႉအာဗန္ႏွင့္ထိုးသတ္မည့္ ဘရာဇီးဖိုက္တာ ဖီလစ္ပီဘူနက္စ္သည္ ဖိုက္တာကစားသမားဘ၀ ၁၉ ပြဲ ထိုးသတ္ခဲ့ဖူးၿပီး ၁၃ ပြဲအနိုင္ရရွိခဲ့ကာ ေျခာက္ပြဲရႈံးနိမ့္ထားၿပီး အနိုင္ရရွိခဲ့သည့္ ၁၃ ပြဲတြင္လည္း ရွစ္ပြဲကို ခ်ဳပ္ကြက္ျဖင့္ အနိုင္ရရွိထားျခင္းျဖစ္ပါတယ္။

ဂ်ိဳရႉအာဗန္ႏွင့္ ဖီလစ္ပီဘူနက္စ္တို႔ တြဲဆိုင္းပါဝင္မည့္ UFC Fight Night ၿပိဳင္ပြဲကို လာမည့္ ဇန္နဝါရီလ ၁၃ ရက္တြင္ အဂၤလန္နိုင္ငံတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

============

ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျိုရှူအာဗန်

ဇန်နဝါရီ ၅

မြန်မာလူမျိုး ချင်းတိုင်းရင်းသား UFC ဖိုက်တာဂျိုရှူအာဗန် ၎င်း၏ UFC ဖိုက်တာဘ၀ တတိယမြောက်ပွဲစဉ်အဖြစ် UFC Fight Night ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နှင့် ထိုးသတ်သွားရမည် ဖြစ်ကြောင်း သိရပါတယ်။

ဂျိုရှူအာဗန်သည် ဖိုက်တာဘဝကို Fury အဖွဲ့အစည်းနှင့် စတင်ခဲ့သူဖြစ်ပြီး Furyအဖွဲ့အစည်းက ကြီးမှူးကျင်းပခဲ့သည့် Fury Fight ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း ဖိုက်တာအဖွဲ့အစည်းဖြစ်သည့် UFC က ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် တတိယမြောက် ပွဲစဉ်အဖြစ် ထိုးသတ်ရမည်ဖြစ်ပါတယ်။

ဂျိုရှူအာဗန်နှင့်ထိုးသတ်မည့် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်သည် ဖိုက်တာကစားသမားဘ၀ ၁၉ ပွဲ ထိုးသတ်ခဲ့ဖူးပြီး ၁၃ ပွဲအနိုင်ရရှိခဲ့ကာ ခြောက်ပွဲရှုံးနိမ့်ထားပြီး အနိုင်ရရှိခဲ့သည့် ၁၃ ပွဲတွင်လည်း ရှစ်ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်ပါတယ်။

ဂျိုရှူအာဗန်နှင့် ဖီလစ်ပီဘူနက်စ်တို့ တွဲဆိုင်းပါဝင်မည့် UFC Fight Night ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၃ ရက်တွင် အင်္ဂလန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။