ေလာ့စ္အိန္ဂ်လိစ္ကိုေျပာင္းမယ့္ ဂ်႐ူး

April 26

ေအစီမီလန္ဝါရင့္တိုက္စစ္မႉး ဂ်႐ူးသည္ ယခုရာသီကုန္တြင္ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်လိစ္အသင္းထံသို႔ ေျပာင္းေရႊ႕ကစားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉး ဂ်႐ူး(၃၇ ႏွစ္)သည္ ယခုရာသီကုန္တြင္ ေအစီမီလန္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး ယခုအခါ ေလာ့စ္အိန္ဂ်လိစ္အသင္းႏွင့္ စာခ်ဳပ္ပင္ ခ်ဳပ္ဆိုၿပီးၿပီျဖစ္ေၾကာင္း ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဂ်႐ူးသည္ ေလာ့စ္အိန္ဂ်လိစ္အသင္းႏွင့္ ၂၀၂၅ ခုႏွစ္အထိ သက္တမ္းရွိစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ၿပီး တစ္ႏွစ္လစာ ယူရို (၂.၅)သန္း ရရွိမည္ျဖစ္ပါတယ္။

======

လော့စ်အိန်ဂျလိစ်ကိုပြောင်းမယ့် ဂျရူး

April 26

အေစီမီလန်ဝါရင့်တိုက်စစ်မှူး ဂျရူးသည် ယခုရာသီကုန်တွင် အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းထံသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူး(၃၇ နှစ်)သည် ယခုရာသီကုန်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါ လော့စ်အိန်ဂျလိစ်အသင်းနှင့် စာချုပ်ပင် ချုပ်ဆိုပြီးပြီဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဂျရူးသည် လော့စ်အိန်ဂျလိစ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာ ယူရို (၂.၅)သန်း ရရှိမည်ဖြစ်ပါတယ်။