“Carabao Cup ကွာတားဖိုင်နယ်ပွဲစဉ် ထွက်ပေါ်” “မန်ယူပွဲချောင်ပြီး ပရီးမီးယားလိဂ် အသင်းချင်းဆုံတွေ့”

အင်္ဂလန် လိဂ်ဖလား Carabao Cupဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မနေ့ရေးဆွဲခဲ့ရာ ပရီးမီးယားလိဂ် အသင်းချင်း ဆုံတွေ့ခဲ့ကြပါတယ်။

လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်က ချန်ပီယံရှစ်က အသင်းငယ် ဘရစ္စတိုးလ် စီးတီးနဲ့ အဝေးကွင်း သွားကစားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးက လက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပါးကို အနိုင်ယူ လာခဲ့တဲ့ ၀က်စ်ဟမ်းက နောက်ထပ် လန်ဒန်ကလပ်ဖြစ်တဲ့ အာဆင်နယ်နဲ့ အမ်းမရိတ်မှာ ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးက ဘွန်းမောက်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့် ဒီဇင်ဘာ ၁၈ရက်နေ့မှာ ကစားဖို့ သတ်မှတ်ထားပါတယ်။

“Carabao Cup ကွာတားဖိုင်နယ်ပွဲစဉ်များ”

အာဆင်နယ် – ၀က်စ်ဟမ်း
ချယ်လ်ဆီး – ဘွန်းမောက်
လက်စတာစီးတီး – မန်ချက်စတာစီးတီး
ဘရစ္စတိုးလ်စီးတီး – မန်ချက်စတာယူနိုက်တက်

“အအောင်မြင်ဆုံး အသင်းများ”

(၁) လီဗာပူးလ် – ၈ကြိမ်
(၂) မန်ချက်စတာယူနိုက်တက် – ၅ကြိမ်
(၃) အက်စတန်ဗီလာ – ၅ကြိမ်
(၄) ချယ်လ်ဆီး – ၅ကြိမ်
(၅) စပါး – ၄ကြိမ်
(၆) နော်တင်ဟမ်ဖောရက်စ် – ၄ကြိမ်
(၇) မန်ချက်စတာစီးတီး – ၄ကြိမ်
(၈) လက်စတာစီးတီး – ၃ကြိမ်
(၉) အာဆင်နယ် – ၂ကြိမ်

-Ref; BBC Sports