အာဆင်နယ်တွင် ကြံ့ခိုင်သော ကစားသမားများနှင့် ခေါင်းဆောင်မှု လိုအပ်ဟု ဗီအဲရာထောက်ပြ

46140920-wenger-credit

အာစင်ဝင်းဂါး လက်ထက်တွင် ပရီးမီးယားလိဂ် ဖလားမိုးခေါင်နေခြင်းအတွက် အာဆင်နယ်အသင်း၌ ကြံ့ခိုင်သော ကစားသမားများနှင့် ခေါင်းဆောင်မှု လိုအပ်နေကြောင်း အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်ဗီအဲရာက ထောက်ပြ ပြောဆိုလိုက်သည်။

ဗီအဲရာသည် ၁၉၉၆ မှ ၂၀၀၅အထိ အာဆင်နယ်အသင်းတွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်ရရှိခဲ့သည်။ ၂၀၀၃- ၂၀၀၄ တွင် အာဆင်နယ်က ရှုံးပွဲ မရှိ စံချိန် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံးရရှိခဲ့သော နှစ်လည်းဖြစ်သည်။

‘‘ကျွန်တော်တို့ မျိုးဆက်မှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမားတွေ အများကြီးရှိခဲ့တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ် အတွင်းမှာ အာဆင်နယ်က နည်းစနစ်ပိုင်း ကောင်းတဲ့ ကစားသမားတွေနဲ့ပဲ နှစ်ပါးသွားခဲ့တယ်’’ဟု ဗီအဲရာက ပြောသည်။

‘‘အခုဆို ကျွန်တော်အာဆင် နယ်ပွဲကြည့်တယ်ဆိုရင် သူတို့ ဘောလုံးကောင်းကောင်း ကစား ကြတယ်။ ဒါပေမဲ့လည်း  သူတို့ဟာကြံ့ခိုင်မှုနဲ့ အသင်းကို ဦးဆောင်မယ့် လူလိုအပ်နေတယ်လို့ ခံစားရတယ်’’ဟု ယခုအခါအမေရိကန် မေဂျာလိဂ်တွင် နယူးယောက် အက်ဖ်စီအသင်းကို ကိုင်တွယ်နေ သော ဗီအဲရာက ပြောသည်။ နိုင်သင့်သောပွဲများ   ရှုံးနိမ့်နေခြင်းသည် စိတ်ပျက်စရာကောင်း ကြောင်း အာဆင်နယ်၏ လက်ရှိ အနေအထားကို ၎င်းက ဆက်လက် ပြောသည်။

—Ref:Goal


Leave a Reply