မတ္လမွစ၍ ထိုင္းႏွင့္တ႐ုတ္တို႔အၾကား ဗီဇာကင္းလြတ္ခြင့္ ေပးမည္

ဘန္ေကာက္၊ဇန္နဝါရီ ၂

ထိုင္းနိုင္ငံႏွင့္တ႐ုတ္နိုင္ငံတို႔သည္ နိုင္ငံသားမ်ားအတြက္ ဗီဇာလိုအပ္ခ်က္မ်ားကို မတ္လမွစ၍ အၿပီးတိုင္ကင္းလြတ္ခြင့္‌ေပးမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ဆရီသာသာဗီဆင္က ဇန္နဝါရီ ၂ ရက္တြင္ေျပာၾကားခဲ့သည္။
အေရွ႕ေတာင္အာရွ၏ ဒုတိယစီးပြားေရး အင္အားႀကီး နိုင္ငံျဖစ္သကဲ့သို႔ ခရီးသြားလုပ္ငန္းအေပၚ အမ်ားဆုံးမွီခိုေနရသည့္ထိုင္းနိုင္ငံသည္ ၿပီးခဲ့သည့္စက္တင္ဘာမွစ၍ ယခုႏွစ္ေဖေဖာ္ဝါရီအထိ တ႐ုတ္နိုင္ငံသားမ်ားအတြက္ ဗီဇာကင္းလြတ္ခြင့္ေပးခဲ့ေၾကာင္းလည္းသိရသည္။
ယခုအစီအစဥ္သည္ ႏွစ္နိုင္ငံၾကားဆက္ဆံေရးအား တိုးတက္ေကာင္းမြန္ေစမည္ျဖစ္ေၾကာင္းလည္း မစၥတာဆရီသာက သတင္းေထာက္မ်ားအားေျပာၾကားခဲ့သည္။
ႏွစ္နိုင္ငံလုံးသည္ ဗီဇာလိုအပ္ခ်က္မ်ားကို ကင္းလြတ္ခြင့္ေပးျခင္းျဖင့္ ႏွစ္နိုင္ငံျပည္သူအခ်င္းခ်င္းဖလွယ္မႈကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။
၂၀၂၃ ခုႏွစ္တြင္ ထိုင္းနိုင္ငံသို႔ နိုင္ငံျခားခရီးသြား ၂၈ သန္းဝင္ေရာက္ခဲ့ၿပီး ၀င္ေငြ ဘတ္ ၁ ဒသမ ၂ ထရီလ်ံ (အေမရိကန္ေဒၚလာ ၃၄ ဒသမ ၉၃ ဘီလ်ံ) ရရွိခဲ့ေၾကာင္း အစိုးရ စာရင္းမ်ားအရသိရသည္။
Source : ရိုက္တာ/အီးစီ

===========

မတ်လမှစ၍ ထိုင်းနှင့်တရုတ်တို့အကြား ဗီဇာကင်းလွတ်ခွင့် ပေးမည်

ဘန်ကောက်၊ဇန်နဝါရီ ၂

ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များကို မတ်လမှစ၍ အပြီးတိုင်ကင်းလွတ်ခွင့်‌ပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာသာဗီဆင်က ဇန်နဝါရီ ၂ ရက်တွင်ပြောကြားခဲ့သည်။
အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းအပေါ် အများဆုံးမှီခိုနေရသည့်ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်စက်တင်ဘာမှစ၍ ယခုနှစ်ဖေဖော်ဝါရီအထိ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်းလည်းသိရသည်။
ယခုအစီအစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးအား တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်းလည်း မစ္စတာဆရီသာက သတင်းထောက်များအားပြောကြားခဲ့သည်။
နှစ်နိုင်ငံလုံးသည် ဗီဇာလိုအပ်ချက်များကို ကင်းလွတ်ခွင့်ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူအချင်းချင်းဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၂၈ သန်းဝင်ရောက်ခဲ့ပြီး ၀င်ငွေ ဘတ် ၁ ဒသမ ၂ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၃ ဘီလျံ) ရရှိခဲ့ကြောင်း အစိုးရ စာရင်းများအရသိရသည်။
Source : ရိုက်တာ/အီးစီ