ဝန္ထမ္း တခ်ိဳ႕ကို AI နဲ႔ အစားထိုးမယ့္ Google

AI လို႔ေခၚတဲ့ ဉာဏ္ရည္တု နည္းပညာဟာ လူသားေတြကို မ်ားစြာ အက်ိဳးျပဳနိုင္ေပမယ့္ လူသားေတြရဲ့ အလုပ္အကိုင္ေတြကို လုယူနိုင္ေအာင္လည္း ဆိုးက်ိဳး ျဖစ္ေစပါတယ္။
The Information က Google ဟာ ဝန္ထမ္းတခ်ိဳ႕ကို AI နဲ႔ အစားထိုးဖို႔ စဥ္းစားေနတယ္လို႔ ေျပာပါတယ္။ မၾကာခင္က အသုံးျပဳခဲ့တဲ့ Google ရဲ့ AI Tool အသစ္ဟာ အေရာင္းဝန္ထမ္းေတြရဲ့ အလုပ္ေတြကိုလုပ္ေနၿပီ ျဖစ္ၿပီး Google ဟာ အေရာင္းဝန္ထမ္း တခ်ိဳ႕ကို ေနရာေျပာင္းဖို႔ သို႔မဟုတ္ အလုပ္ထုတ္ဖို႔ စဥ္းစားေနပါတယ္။
ဒီႏွစ္ အေစာပိုင္းမွာ Google ဟာ ေၾကာ္ျငာရွင္ေတြအတြက္ အထူး ဒီဇိုင္းထုတ္ထားတဲ့ AI အေျချပဳ ေၾကာ္ျငာ Tool ကို စတင္ အသုံးျပဳခဲ့ပါတယ္။ အဲဲဒီ AI Tool က ေၾကာ္ျငာရွင္ေတြရဲ့ အေတြ႕အၾကဳံကို ပိုေကာင္းေစပါတယ္။ ေၾကာ္ျငာရွင္ေတြဟာ AI ကို အသုံးျပဳလာၾကတဲ့အတြက္ အေရာင္းဝန္ထမ္းေတြအတြက္ အလုပ္မရွိေတာ့ပါဘူး။
Google ရဲ့ ေၾကာ္ျငာ ဌာနမွာ ဝန္ထမ္းေပါင္း ၃၀,၀၀၀ ရွိၿပီး ထက္ဝက္ေလာက္က Google ေၾကာ္ျငာ ဝန္ေဆာင္မႈေတြကို ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။ AI ေၾကာင့္ အေရာင္းဝန္ထမ္းေတြဟာ အလုပ္လုပ္စရာ မရွိေတာ့ပါဘူး။
AI ေၾကာင့္ လူသားေတြ အလုပ္အကိုင္ ေပ်ာက္သြားမွာကို သိပ္စိုးရိမ္စရာ မလိုပါဘူး။ AI ေၾကာင့္ပဲ လူသား‌ေတြ အလုပ္အကိုင္ အသစ္ေတြရလာနိုင္ပါတယ္။ ဥပမာ ေျပာရရင္ LLMs နဲ AI Trainer ေတြအတြက္ Prompts ေတြကို ဖန္တီးေပးတဲ့ Prompt Engineer လို အလုပ္ေတြ ထြက္ေပၚလာနိုင္ပါတယ္။
Ref : theverge
DigitalTimes

===============

ဝန်ထမ်း တချို့ကို AI နဲ့ အစားထိုးမယ့် Google

AI လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာဟာ လူသားတွေကို များစွာ အကျိုးပြုနိုင်ပေမယ့် လူသားတွေရဲ့ အလုပ်အကိုင်တွေကို လုယူနိုင်အောင်လည်း ဆိုးကျိုး ဖြစ်စေပါတယ်။
The Information က Google ဟာ ဝန်ထမ်းတချို့ကို AI နဲ့ အစားထိုးဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ မကြာခင်က အသုံးပြုခဲ့တဲ့ Google ရဲ့ AI Tool အသစ်ဟာ အရောင်းဝန်ထမ်းတွေရဲ့ အလုပ်တွေကိုလုပ်နေပြီ ဖြစ်ပြီး Google ဟာ အရောင်းဝန်ထမ်း တချို့ကို နေရာပြောင်းဖို့ သို့မဟုတ် အလုပ်ထုတ်ဖို့ စဉ်းစားနေပါတယ်။
ဒီနှစ် အစောပိုင်းမှာ Google ဟာ ကြော်ငြာရှင်တွေအတွက် အထူး ဒီဇိုင်းထုတ်ထားတဲ့ AI အခြေပြု ကြော်ငြာ Tool ကို စတင် အသုံးပြုခဲ့ပါတယ်။ အဲဲဒီ AI Tool က ကြော်ငြာရှင်တွေရဲ့ အတွေ့အကြုံကို ပိုကောင်းစေပါတယ်။ ကြော်ငြာရှင်တွေဟာ AI ကို အသုံးပြုလာကြတဲ့အတွက် အရောင်းဝန်ထမ်းတွေအတွက် အလုပ်မရှိတော့ပါဘူး။
Google ရဲ့ ကြော်ငြာ ဌာနမှာ ဝန်ထမ်းပေါင်း ၃၀,၀၀၀ ရှိပြီး ထက်ဝက်လောက်က Google ကြော်ငြာ ဝန်ဆောင်မှုတွေကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ AI ကြောင့် အရောင်းဝန်ထမ်းတွေဟာ အလုပ်လုပ်စရာ မရှိတော့ပါဘူး။
AI ကြောင့် လူသားတွေ အလုပ်အကိုင် ပျောက်သွားမှာကို သိပ်စိုးရိမ်စရာ မလိုပါဘူး။ AI ကြောင့်ပဲ လူသား‌တွေ အလုပ်အကိုင် အသစ်တွေရလာနိုင်ပါတယ်။ ဥပမာ ပြောရရင် LLMs နဲ AI Trainer တွေအတွက် Prompts တွေကို ဖန်တီးပေးတဲ့ Prompt Engineer လို အလုပ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
Ref : theverge
DigitalTimes